Pages

Tuesday, August 20, 2013

အမျိုးသားများ လိင်စိတ်ဆန္ဒ လျော့နည်းမှု ဖြစ်ပေါ်စေသော အကြောင်းအရင်း

ပန်းသေပန်းညှိုး ရောဂါ
 
ပန်းသေတာ ဒါမှမဟုတ် ပန်းသေပန်းညှိုး ရောဂါ ဟာ လိင်စိတ် လျော့နည်းတာနဲ့ မတူပါဘူး။ လူငယ် ခုနစ် ရာခိုင်နှုန်းကသာ ပန်းသေပန်းညှိုး ဖြစ်တတ်ကြ ပါတယ်။ ပန်းသေပန်းညှိုး ရောဂါက အသက်ကြီး လာ လေလေ၊ ဖြစ်နိုင်ခြေ ပိုများ လေလေပါ။ အသက် ၄၀ အရွယ်မှာ ပန်းသေပန်းညှိုး ဖြစ်နိုင်ခြေ ၁၂ ရာခိုင်နှုန်း၊ အသက် ၅၀-၅၉နှစ် အရွယ်မှာ ရောဂါ ဖြစ်နိုင်ခြေ ၁၈ ရာခိုင် နှုန်းနဲ့ အသက် ၆၀ ကျော် အရွယ်မှာ ရောဂါ ဖြစ်နိုင်ခြေ ၂၅-၃၀ ရာခိုင်နှုန်း အထိ သိသိသာသာ မြင့်တက်လာ ပါတယ်။ ပန်းသေ ပန်းညှိုး ရောဂါနဲ့ စိတ်ဖိစီးမှုက အပြန်အလှန် ဆက်နွှယ်မှုရှိပြီး လိင်စိတ် လျော့နည်းမှုကို ဖြစ်စေနိုင်ပါတယ်။ သတင်းကောင်း အနေနဲ့ ပန်းသေ ပန်းညှိုးဖြစ်ရတဲ့ အကြောင်းရင်းပေါ် မူတည်ပြီး ဆေးကုသမှု ခံယူနိုင် ပါတယ်။

ပူပင်သောက များလွန်းခြင်း
 
အမျိုးသားတွေမှာ ပူပင်သောက များလွန်းတဲ့ အခြေအနေကြောင့် သုက်လွှတ် စောတာမျိုး ဖြစ်တတ် ပါတယ်။ အဲဒီလို ဖိအားများတဲ့အခါ လိင်စိတ် လျော့နည်းမှု ဖြစ်ပေါ်တတ်ပါတယ်။

စိတ်ဖိစီးမှုများခြင်း
 
လုပ်ငန်းခွင် စိတ်ဖိစီးမှု များပြီး စိန်ခေါ် လုပ်ကိုင်ရတဲ့အခါ အောင်မြင်အောင် မလုပ်ဆောင်နိုင်ရင် အမျိုးသားတွေက ကိုယ့်ကိုယ်ကိုယ် လေးစားစိတ် လျော့နည်း လာပါတယ်။ ဒီအတွက်ကြောင့်လည်း အိမ်ထောင် ရေးမှာ မသာယာတဲ့ အဖြစ်မျိုး တွေ့ကြုံနိုင်ပါတယ်။

ကျန်းမာရေး အခြေအနေ
 
အမျိုးသားတွေမှာ နာတာရှည် ရောဂါ ဝေဒနာတွေကြောင့် လိင်မှုဘ၀ကို ထိခိုက်စေနိုင်ပါတယ်။ ကင်ဆာနဲ့ စိတ်ကျရောဂါတို့လို ပြင်းထန်တဲ့ နာမကျန်း မှုတွေကြောင့် လိင်စိတ်ကို လျော့ကျစေနိုင်ပါတယ်။ နှလုံးသွေးကြောရောဂါ၊ သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါ တွေကြောင့် မျိုးပွားအင်္ဂါ အပါအ၀င် ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံးဆီကို သွေးရောက်ရှိမှု လျော့နည်းသွား ပြီး လိင်စိတ် လျော့နည်းစေ ပါတယ်။ အရက်စွဲတာနဲ့ အရက်ကို အလွန်အမင်း သောက်သုံးတာကြောင့်လည်း လိင်ဆန္ဒကို လျော့ပါးစေပါတယ်။ သိုင်းရွိုက် ပြဿနာနဲ့ ပီကျူထရီဂလင်း အကျိတ် ရှိတာ ကြောင့်လည်း လိင်စိတ်ကို လျော့ကျစေပါတယ်။

ဆေးကုသမှု
 
စိတ်ကျဝေဒနာ ကုသဆေး SSRI ဟာ လိင်စိတ် ကို ဟန့်တားနိုင်သလို သွေးတိုးကျဆေး ကလည်း လိင်စိတ်ကို လျော့ကျစေပါတယ်။ မူးယစ်ဆေးတွေ သုံးရင်လည်း လိင်စိတ်ကို လျော့ကျစေပါတယ်။

အိမ်ထောင်ရေး အဆင်မပြေခြင်း
 
မပျော်ရွှင်တဲ့ အိမ်ထောင်ရေး အခြေအနေကြောင့် အမျိုးသားတွေမှာ လိင်စိတ် လျော့နည်းမှု ဖြစ်ရသလို အိပ်ခန်းထဲကို ဒေါသနဲ့ စိတ်ပျက်လက်ပျက် ဖြစ်ကာ စိတ်ကုန်တဲ့ အတွေးတွေ ယူဆောင်သွားတာကြောင့် လိင်စိတ် လျော့နည်းရတတ်ပါတယ်။

မွေးကင်းစ ကလေးငယ် ပြုစု စောင့်ရှောက်ရခြင်း
 
တချို့ အမျိုးသားတွေ အတွက် ကလေးငယ် မွေးဖွားပြီးနောက် လိင်ဆန္ဒအတွက် အဟန့်အတား ဖြစ်လာ ပါတယ်။ မွေးကင်းစ ကလေးငယ်ကို ပြုစု စောင့်ရှောက် ရတဲ့အတွက် ပင်ပန်းမှုကြောင့် လိင်စိတ် လျော့နည်း ရတတ်ပါတယ်။
FROM-PYI MYANMAR

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...