Pages

Thursday, August 8, 2013

၈၈ မျိုးဆက်ကျောင်းသားအရည်အချင်း (၁၅) ချက်

"မြန်မာနိုင်ငံမှ နိုင်ငံက ၈၈ မျိုးဆက်ကျောင်းသားဆိုတာ"...

၁။လူတွေရှေ့ မှာ သူမတူအောင် သူရဲကောင်းကြီး လုပ်ပြတတ်ရမယ်။

၂။ အစိုးရကို အတိုက်အခံ ဘုဂလန့်လုပ်တတ်ရမယ်။

၃။ အရှက်နည်းပြီး လက်ရဲရမယ်။

၎။ ပြောင်လိမ်ပြောင်စား လုပ်တတ်ရမယ်။

၅။အကြောင်းအမျိုးမျိုးပြပြီး ပွဲတွေလုပ် တောင်းစားတတ်ရမယ်။

၆။ ပြည်သူနဲ့ မီဒီယာကို ခုတုံးလုပ်တတ်ရမယ်။

၇။ဘာအရည်အချင်းမှမလို ထောင်ထွက်ဖြစ်ပီး နှမ်းဖြူးတတ်ရမယ်။

၈။အခြေအနေနှင့် အချိန်အခါပေးတိုင်း မဏ္ဍပ်တိုင် တက်ပြနိုင်ရမယ်။

၉။ ဒီမိုကရေစီ၊ လူအခွင့်အရေး တွင်တွင်အော်ပြီး ကိုယ်တိုင်လိုက်မလုပ်နိုင်သော်လည်း ကိုယ်မမှားသလို ခပ်တင်းတင်း နေတတ်ရမယ်။

၁၀။အတွေးခေါ်က တိုင်းပြည်ကောင်းဖို့ထက် အစိုးရကို ဖိအားပေးဖို့ပဲ တစ်သမတ်တည်းလမ်းကြောင်း ဖြစ်နေရမယ်။

၁၁။ သင်သာ ဘာမှမဟုတ်ပေမယ့် Celebrity ဖြစ်ခဲ့မယ်ဆိုရင် အမတ်ဖြစ်ခွင့် ရှိတယ်ဆိုတာကို သိနားလည်ထားရမယ်။

၁၂။ အစိုးရအဖွဲ့ထဲမှာ ကိုယ့်လူတွေပါဖို့ စည်းရုံးရေးတွေ ရှေ့တန်းတင်ရမယ်။

၁၃။ တကယ်တမ်း နိုင်ငံနှင့်လူမျိုးအတွက် အာတစ်ပေါက်သာလိုသည်ဆိုတာ လက်ခံယုံကြည်ထားရမယ်။

၁၄။ လက်တွေ့လုပ်နေတဲ့သူတွေဟာ အစိုးရ အဖွဲ့ဝင်တွေဆိုရင် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ရိမယ်၊ သဲ့မယ်၊ ထေ့မယ်၊ ငေါ့မယ်၊ ပြည်သူနဲ့အစိုးရ ရန်တိုက်ပေးရမယ်။

၁၅။စားစရိတ်ပျက်လာလျှင် ထပ်ခါတလဲလဲပြောနေကျ စကားများဖြင့် ဟောပြောပွဲများပြုလုပ်နိုင်ရမယ်။
 သေချာစဉ်းစားကြည့်ကြပါ........ဟုတ်မဟုတ်။

၈၈မျိုးဆက်ကျောင်းသားများဆိုတာ ယခုအချိန်ထိ တွေ့ ရသလောက်ထောင်မှထွက်လာပြီးသကာလ ဟိုယောင်ယောင် ဒီယောင်ယောင်၊ဟိုသွားလိုက် ဒီသွားလိုက် ဖြင့် အကြောင်းအမျိုးမျိုးပြ ယောင်ဝါးလုပ်ကာ ပွဲများပြုလုပ် စားသောက်နေကြသော ပွဲစားများဟုပင် ပြောဆိုခံလာရသည်ကို တွေ့ ရှိရပါသည်။အမှန်တကယ် လက်တွေ့ တိုင်းပြည်နှင့်လူမျိုးအတွက် အကျိုးရှိသော အလုပ်များ လက်တွေ့ ကျကျ မျက်ဝါးထင်ထင် မည်သည့် အကြောင်းအရာမှ ပြုလုပ်ပေးနိုင်ခြင်းမရှိသေးပေ။

ယခုနောက်ပိုင်းတွင် ၄င်းတို့ ၏အကြောင်းကို  အမြင်ကျယ်ပြန့် လာသော ပြည်သူတို့ ကလက်မခံလာကြသောကြောင့် နယ်ဘက်များတွင် ဖောရှောပွဲများ ပြုလုပ်မည်ဆိုလျှင် ပြုလုပ်မည့် နယ်ခံများမှာ
ဖောရှောလက်ခံ၊ မခံ လေ့လာပြီးမှ ပြုလုပ်လေ့ ရှိကြောင်း သိရှိရပါသည်။ှ
 
 
From:OE

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...