Pages

Saturday, August 10, 2013

အုန်းတောဒုက္ခသည်စခန်း နောက်ဆုံးရသတင်း

စစ်တွေမြို့နယ် ၊ အုန်းတောကြီးဒုက္ခသည်စခန်းတွင် ဧရိယာဝင်းမှ အရာရှိရုံးထိုင်အဆောင်၊ ကင်းစောင့်ရုံ၊ အခြားအဆောင်နှစ်ခု စုစုပေါင်း (၄)ဆောင် ကို ဘင်္ဂါလီ ဒုက္ခသည်များက မီးရှို့သဖြင့်  ပြာကျသွားပြီဖြစ်ကြောင်း သိရသည်။ အခြေအနေကို ထိန်းသိမ်းနိုင်ရန် တာဝန်ကျ လုံထိမ်းများက သေနပ်ဖောက် လူစုခွဲရာ ဘင်္ဂါလီ နှစ်ဦးခန့် ပြင်းထန်းစွာ ဒဏ်ရာရှိပြီး အရေးပေါ်ကျန်မာရေးစောင့်ရှောက်မှုများ ပြုလုပ်ထားရကြောင်းသိရှိရပါသည်။

အခင်းဖြစ်စဉ်မှာ အုန်းတောကြီးကျေးရွာ အနီးရှိ ချောင်းမှ ဘင်္ဂလီ အမျိုးသမီး အလောင်း တစ်လောင်း တွေ့ရှိခဲ့ရာ သက်ဆိုင်ရာ နယ်မြေခံရဲစခန်းသို့ ယူဆောင်ကာ စစ်ဆေးမှု များ ပြုလုပ်ရန်ယူဆောင်လာစဉ် အဆိုပါအလောင်းအား ဘင်္ဂလီများ က မိမိတို့ထံ ပေးရန်တောင်းဆိုရာ မရရှိသဖြင့် ချောင်းဝ ရဲစခန်းအား မီးရှို့ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဘင်္ဂါလီတို့ အကြမ်းဖက် မီးရှို့မှုကြောင့် လုံထိန်းအချို့ ဒဏ်ရာရရှိခဲ့ပြီး အဆောက်အအုံ အများအပြားလည်း ပျက်ဆီးသွားကြောင်း သတင်းရရှိသည်။ ယခုနှစ်အတွင်း မိတ္ထီလာတွင် မွတ်ဆလင်များ က သတ်ဖြတ်သဖြင့် ဆရာတော် ဦးသောဘိတ သေဆုံးခဲ့ရပြီး လားရှိုးတွင်လည်း မွတ်ဆလင်မှ ဓာတ်ဆီလောင်း မီးရှို့သဖြင့် မအေးအေးဝင်း ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။
 
From:MEG

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...