နိုင်ငံတော် သမ္မတဦးသိန်းစိန်က သြဂုတ်လ ၉ ရက်နေ့တွင် ပြုလုပ်သော အစိုးရယန္တရား တာဝန်ရှိသူအားလုံးနှင့် တွေ့ဆုံစဉ် ယင်းသို့ ညွန်ကြားလိုက်ခြင်း ဖြစ်သည်။
ပဋိပက္ခများ ကိုင်တွယ် ဖြေရှင်းရာတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်များက
“ခြုံပြောရရင် ပြည်ထောင်စုအစိုးရရဲ့ လုပ်ဆောင်မှုတွေကို လျှော့ချပြီးတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရရဲ့ စီမံခန့်ခွဲ၊ လုပ်ပိုင်ခွင့်တွေကို ပိုမိုပေးအပ်မယ့် အစီအစဉ် ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။
ရခိုင်ပြည်နယ်၊ မိတ္ထီလာနှင့် လားရှိုးမြို့တို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများ၌ ဒေသဆိုင်ရာ အစိုးရများကို လုပ်ပိုင်ခွင့် အပြည့်အဝ ပေးအပ်ထားမှု မရှိခြင်းကြောင့် ပဋိပက္ခများ ပိုမိုကြီးထွားလာကာ လူသေဆုံးမှု မြင့်တက်ခဲ့ရခြင်း ဖြစ်ကြောင်း နိုင်ငံရေး အဖွဲ့အစည်းအချို့က ဝေဖန်ထားသည်။
မြန်မာနိုင်ငံတွင်း ဖြစ်ပွားခဲ့သော အဆိုပါ ပဋိပက္ခများတွင် သက်ဆိုင်ရာရဲတပ်ဖွဲ့က ထိန်းသိမ်းနိုင်ခြင်း မရှိတော့သဖြင့် နိုင်ငံတော်သမ္မတက တပ်မတော်၏ အကူအညီရယူရန် အရေးပေါ် ကြေညာချက်များ ထုတ်ပြန်ခဲ့ရသည်။
From:The Voice

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...