Pages

Saturday, August 3, 2013

နံနက်ပိုင်း သံပရာရေ နွေးနွေးသောက်ခြင်း၏ အကျိုးကျေးဇူးများ

ကြက်သည်းနွေးတွင် သံပရာ ရည်သောက်ခြင်းက ရေခဲရေနှင့် သံပရာရည်ကို သောက်ခြင်းထက် ခန္ဓာ ကိုယ်ကို ပို၍အကျိုးဖြစ်စေသည်။ ပုလင်းနှင့် အသင့်ဖျော် သံပရာမျိုးမဟုတ်ဘဲ သံပရာသီး လတ်လတ် ဆတ်ဆတ် (၁)ခြမ်းခန့်ကို ညှစ်ဖျော်ထားသော ဖျော်ရည်မျိုး ဖြစ်သည်။ ကောင်းကျိုးများအနေနှင့်

-အစာချေဖျက်မှုကို ထောက်ကူခြင်း


-ဆီးရွှင်စေခြင်း
- ကိုယ်ခံအားကောင်းစေခြင်း
- PH level ကို ညှိပေးခြင်း
- အသားအရေကြည်လင်စေခြင်း
- စိတ်ကိုတက်ကြွစေခြင်း၊ အားဖြစ် စေခြင်း
- အနာကျက်စေခြင်း
- အသက်ရှူလမ်းကြောင်းကို သန့်ရှင်းစင်ကြယ်စေခြင်း
- သွေးဖြူဥဆဲလ်များ ပါရှိသည့် ကိုယ်တွင်းထွက် အရည်ကြည်ကို ရေ ဓာတ်ဖြည့်ပေးခြင်း
- ခန္ဓာကိုယ်ဝိတ်ကျစေဖို့အတွက် အ ထောက်အကူဖြစ်စေခြင်းတို့ကို ရရှိ စေသည်။

သံပရာဖျော်ရည်တွင် အထူးသဖြင့် Citric acid ကယ်စီယမ်၊ မဂ္ဂနီစီယမ်၊ ဗီတာမင်စီ၊ ဘိုင်အိုဖလေ ဗိုနွိုက်၊ ပက်ကတင်ဒြပ်၊ လင်မိုနီးစ်တို့ ပါဝင်သည်။

ဒေါန
Health Updates Journal

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...