Pages

Saturday, August 3, 2013

တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှူခြင်း၏ ဆိုးကျိုး

ဆေးလိပ်ကိုယ်တိုင်သောက်သုံး ခြင်းမဟုတ်ဘဲ အငွေ့ရှူရရုံဖြင့်
- အဆုတ်ကင်ဆာ
- နှလုံးရောဂါ
- emphsema
- မျက်လုံးနှင့် နှာခေါင်းကသိက အောက်ဖြစ်ရခြင်း၊
- အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ ရင်ကျပ်ပန်းနာ၊
- ကလေးများတွင် glue ear ဖြစ်စေခြင်း
- ကလေးငယ်များအနေနှင့် မိမိတို့ ကြီးပြင်းလာသည့်အခါ နီကိုတင်း စွဲခြင်းတို့ ဖြစ်စေသည်။


မိမိ၏မိသားစု၌ဖြစ်စေ၊ ဆေး လိပ်သောက်သုံးသော ပတ်ဝန်းကျင် တွင် မရှောင်သာ၍ ထိတွေ့ဆက်ဆံ နေရသည့်အခါတွင်ဖြစ်စေ ကြီးငယ်မဟူ
 ဆေးလိပ်မီးခိုးငွေ့၏ ဆိုးကျိုးကို သက်ရောက်စေမည်မှာ မုချပင်ဖြစ်သည်။ သို့ဖြစ်၍ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူနေရသူများအနေနှင့်

(၁) တတ်နိုင်သလောက် ဆေးလိပ် သောက်သည့်နေရာကို ရှောင်ပါ။
(၂) မရှောင်နိုင်လျှင် အခါအခွင့်သင့် တိုင်း လတ်ဆတ်သည့်လေကို ထွက် ၍ရှူပေးပါ။
(၃) လေ့ကျင့်ခန်းလုပ်ပါ။ အထူးသဖြင့် လေကောင်းလေသန့် လတ်လတ်
ဆတ်ဆတ် ရသည့်နေရာကို ရွေး၍လုပ်ပါ။
(၄) ဟင်းသီးဟင်းရွက်၊ အသီးများကို များများစားပေးပါ။
(၅) ရေများများသောက်ပါ။
(၆) အသက်ရှူချောင်သော အဝတ် အစားများဝတ်ပါ။
(၇) နေ့စဉ် ပုံမှန်လေ့ကျင့်ခန်းကို အနည်းဆုံးမိနစ် (၂၀-၃၀) လုပ်ပေးပါ။

Health Updates Journal

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...