From :မှန်မှန်ကန်ကန် မောင်ထိုက်စံ
Pages
▼
Tuesday, August 6, 2013
ရှစ်လေးလုံး ငွေရတုပွဲ ပထမနေ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့
ရှစ်
လေးလုံးငွေရတုပွဲ ပထမနေ့ ကို ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MCC ခန်းမတွင်
ယနေ့ စတင်ကျင်းပရာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ရှစ်လေးလုံးအရေးတော်ပုံ ကာလ က တောခိုခဲ့တဲ့ ကျောင်းသားများကို ရက်ရက်စက်စက်
ညှင်းပမ်းသတ်ဖြတ်မှုတွင် တာဝန်မကင်းသော တရားခံများကို
ဖိတ်ကြားခဲ့မှုအတွက် သတ်ဖြတ်ခံကျောင်းသားများနှင့် ပတ်သတ်သူများက
မကျေမနပ်ဖြစ်နေခဲ့ရာ ယနေ့ပြုလုပ်သော
၈ လေးလုံးငွေရတုပွဲတွင် ABSDF ဥက္ကဌဟောင်း ဒေါက်တာနိုင်အောင်ကို
ဒေါ်ချိုချိုကျော်ငြိမ်းက မကျေနပ်ချက်များ ပွင့်ထွက်ပြီး
အော်ဟစ်ကြိမ်းမောင်း ခဲ့သည်။ ဒေါ်ချိုချိုကျော်ငြိမ်း၏ မွေးစားသား အ.က.သ
အဖွဲ့ဝင် ကိုမောင်မောင်ကြွယ် ကို ရှစ်လေးလုံး အရေးတော်ပုံ လှုပ်ရှားသူ
ကျောင်းသားများဖြင့် ဖွဲ့စည်းထားသော ကျောင်းသားတပ်မတော် မြောက်ပိုင်းမှ
စစ်ထောက်လှမ်းရေးဟု မဟုတ်မမှန်
စွပ်စွဲပြီး ကျောင်းသား အချင်းချင်း
သတ်ဖြတ်ခဲ့တာနှင့် ပတ်သက်၍ အော်ဟစ် ကြိမ်းမောင်းခဲ့ရာ အနီးရှိလူအများက
ဝိုင်းဝန်းထိမ်းသိမ်းခဲ့ရကြောင်း သိရသည်။ ရုန်းရင်းဆန်ခတ် ဖြစ်မှုကြောင့်
လူအများအပြားမှ ဝိုင်းကြည့်ခဲ့ကြပြီး အခမ်းအနား ကျင်းပရေး တာဝန်ရှိသူများက
ဘာမှမဖြစ်ကြောင်း ပြောဆိုကာ ပရိတ်သက်များကို ပြန်ထိုင်ခိုင်းခဲ့ကြောင်း
သိရသည်။ ကျောင်းသားတပ်မတော် မြောက်ပိုင်းတွင် ရှစ်လေးလုံးအရေးတော်ပုံ
ပါဝင်လှုပ်ရှားခဲ့သော
ကျောင်းသားပေါင်း ၄၀ ကျော်ကို အဆိုပါ
ကျောင်းသားများကပဲ ရက်ရက်စက်စက် ငြင်းပမ်းနှိပ်စက်ကာ သတ်ဖြတ်ခဲ့ကြသော်လည်း
အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ ပါဝင်ပတ်သတ်သူများကို ငွေရတုအခမ်းအနားတွင်
တက်ရောက်စေခဲ့သည်။ လက်တလောအားဖြင့် ၈၈ ကျောင်းသားခေါင်းဆောင် မိုးသီးဇွန်မှ
တရားစွဲခံထားရပြီး သတ်ဖြတ်မှုတွင် ပါဝင်သူများသာ မက ၎င်း တို့နှင့်
နီးစပ်သူများက သတ်ဖြတ်ခံရသည့် ဒေါ်ချိုချိုကျော်ငြိမ်း၏ မွေးစားသား အပါအဝင်
အခြား အကသ အဖွဲ့ဝင်များ နှင့် သတ်ဖြတ်ခံရသည့် ၈၈ ကျောင်းသားများကို
ထောက်လှမ်းရေးတွေ ဟု စွပ်စွဲပြောဆိုခဲ့သည်။
From :မှန်မှန်ကန်ကန် မောင်ထိုက်စံ
From :မှန်မှန်ကန်ကန် မောင်ထိုက်စံ



No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...