အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော် ဂျကာတာမြို့မှာရှိတဲ့
မြန်မာသံရုံးကို ဗုံးခွဲဖို့အတွက်ငွေကြေးထောက်ပံ့မှုလုပ် တယ်လို့
ယူဆရသူကို အင်ဒိုနီးရှားရဲတွေက ဖမ်းဆီးလိုက်ပါတယ်။
မြန်မာသံရုံးဗုံးခွဲဖို့ ကြိုးစားရာမှာ ငွေကြေး
ထောက်ပံ့မှုလုပ်ခဲ့တယ်လို့ စွပ်စွဲခံရသူ Muhammad Syaiful Sabani ကို
သောကြာနေ့က ရဲတွေက ဖမ်းဆီးခဲ့တာဖြစ်ပြီး မကြာသေးခင်ကပဲ အဂ္ဂယာန
ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ဗုံးပေါက်ကွဲမှုနဲ့ ဆက်နွယ်မှု
ရှိမရှိဆိုတာကိုပါ စစ်ဆေးနေပါတယ်။
မြန်မာသံရုံးဗုံးခွဲဖို့ ကြံစည်မှုနဲ့ အဂ္ဂယာနဘုရားဗုံးပေါက်မှုတွေဟာ
မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ဘာသာရေး ပဋိပက္ခနဲ့ ဆက်နွယ်နေတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေ၊ မွတ်စလင်တွေ ဖိနှိပ်ခံရတာကို
အစ္စလာမ်ဘာသာဝင်အများစု ဖြစ်ကြတဲ့ အင်ဒိုနီးရှားနိုင်ငံသား တချို့က
မကျေမနပ် ဖြစ်နေကြတာဖြစ်ပါတယ်။
မြန်မာသံရုံးကို ဗုံးဖောက်ခွဲဖို့ ကြိုးစားခဲ့တဲ့ လူနှစ်ယောက်ကို
အင်ဒိုနီးရှားရဲတွေက မေလတုန်းက ဖမ်းဆီး ခဲ့တဲ့အပြင်
အဖွဲ့ရဲ့ခေါင်းဆောင်တစ်ဦးနဲ့ ဗုံးပြုလုပ်သူကို နောက်ပိုင်းမှာ
ဖမ်းဆီးခဲ့ပြီး ခုအခါမှာဖောက်ခွဲမှု အတွက် ရံပုံငွေရှာဖွေပေးသူလို့
ယူဆရသူကို ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ခုဖမ်းဆီးခံရသူဟာ ငွေကြေးတွေ ရရှိဖို့ ရွှေဆိုင်တချို့မှာ ခိုးယူတာတွေ
လုပ်နိုင်တယ်လို့ ရဲတွေက ခန့်မှန်း ထားပါတယ်။
ABC

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...