ဘင်္ဂလားဒေ့ရှ် အစိုးရက နိုင်ငံခြားမှာ အလုပ်စီစဉ်ပေးမယ်ဆို ပြီး
လိမ်ညာတဲ့ ပွဲစားတွေကို အရေးယူ ပြစ်ဒါဏ်ပေးတဲ့ ဥပဒေကြမ်းကို
အတည်ပြုလိုက်ပြီလို့ သိရပါတယ်။
ဒီလိမ်ညာမှုတွေကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေဟာ စာရွက်စာတန်း
မပြည့်မစုံနဲ့ နိုင်ငံခြားမှာ သွားအလုပ်လုပ်ကြဖို့၊ လစာနည်းတဲ့
အလုပ်တွေကို စွန့်ပြီး အရှုံးတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီလိုလိမ်ညာမှုတွေနဲ့ အပြစ်ထင်ရှားတွေ့ရှိခဲ့ရင်
အလုပ်သမားပွဲစားတွေကို ထောက်ဒါဏ် ၁၀ နှစ် ဒါမှမဟုတ် ဒါဏ်ငွေဒေါ်လာ
၆၀၀၀ ပေးဆောင်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပွဲစားတွေကို အလုပ်လုပ်လိုသူတွေက ရှိသမျှစုငွေတွေ ပုံပေးပြီး
စာရွက်စာတန်း အတုတွေနဲ့ နိုင်ငံခြားကနေ လက်လွတ်ဘာလာ ပြန်လာ ကြရတဲ့
အဖြစ်တွေ များလွန်းတဲ့ အတွက်ကြောင့် အစိုးရ ကနေ အခုလို ဥပဒေ
ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွက် နိုင်ငံခြားက အများဆုံးဝင်ငွေဟာ ပြည်ပရောက်
အလုပ်သမားထုတွေရဲ့ လုပ်အားလစာကနေ ဖြစ်ပြီး - ပြီးခဲ့တဲနှစ်က ဒေါ်လာ
၁၄ ဘီလီယံ အထိ ဝင်ငွေရရှိ ခဲ့တယ်လို့ ဆိုပါတယ်။
ABC

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...