တရုတ်နိုင်ငံက အလုပ်သမားလစာနှုန်းတွေ ကောင်းတဲ့အတွက် မြန်မာနဲ့
ဗီယက်နမ်နိုင်ငံက အလုပ်သမား တွေဟာ Shenzhen မြို့ကို တရားမဝင်
ဝင်ရောက် အလုပ်လုပ်ကိုင် နေကြတယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံက စီးပွါးရေးအခြေ အနေထိုင်းလာတာကြောင့်၊
လူထုငွေသုံးစွဲရေးတိုးပြီး စီးပွါးရေ အခြေအနေ မြှင့်တင်တဲ့
ဆောင်ရွက်ချက်အနေနဲ့ တရုတ်အာဏာပိုင်တွေက အလုပ်သမား လစာ တွေကို
တိုးမြှင့်ခဲ့တာ ဖြစ်ပါတယ်။
တရုတ် နိုင်ငံတွင်းမှာ ၂၀၁၀ နဲ့ ၂၀၁၂ ခုနှစ်အတွင်း တရား မဝင်
ဝင်ရောက်လာတဲ့ အလုပ်သမားတွေဟာ မြန်မာနဲ့
ဗီယက်နမ်နိုင်ငံက ဖြစ်ကြတယ်လို့ ဆိုပါတယ်။
တရုတ် နိုင်ငံမှာ သက်ကြီးရွယ်အိုတွေ ပိုပြီး များလာ နေတာနဲ့အမျှ၊
အလုပ်သမား အဖြစ် အလုပ်လုပ် နိုင်တဲ့ ဦးရေ လျော့ပါးနေပြီး
ဖြစ်ပါတယ်။
တရုတ် နိုင်ငံက သာမန်အလုပ်သမားလစာဟာ တလကို ၄၀၅ ဒေါ်လာနဲ့ညီမျှ ပြီး
တရားမဝင် အလုပ်သမား တွေကတော့ တလကို ဒေါ်လာ ၃၃၀ လောက်နဲ့ ညီမျှတဲ့
လစာကို ရပါတယ်။
တရုတ် နိုင်ငံက လစာနဲ့ အိမ်နီးချင်း နိုင်ငံက လစာတွေ
ကွာဟမှုများလာတဲ့အမျှ အိမ်နီးချင်း နိုင်ငံက အလုပ် သမားတွေဟာ
တရုတ်နိုင်ငံကို ခိုးဝင်ပြီး အလုပ်လုပ်ကြတဲ့အဖြစ်တွေ များလာမယ်လို့
ဆိုပါတယ်။
အလုပ်ရှင်တွေကလဲ တရားမဝင်အလုပ်သမားတွေအတွက် ဈေးသက်သာတာတွေ၊
ကျန်းမာရေးစောင့် ရှောက်မှုတွေ
လုပ်ပေးစရာမလိုတဲ့အပြင်၊ပင်စင်လစာခံစားခွင့်ပေးစရာမလိုတော့ ပိုပြီး
အခွင့်အရေးကောင်း ယူ နေကြတယ်လို့ သိရပါတယ်။
ဗီယက်နမ် နိုင်ငံက အလုပ်သမားတွေဟာ ပျှမ်းမျှလစာ ၅၅ ဒေါ်လာ
ရရှိပြီး မြန်မာအလုပ်သမားတွေကတော့ ပျှမ်းမျှလစာ ဒေါ်လာ ၆၀ လောက်
ရတယ်လို့ သိရပါတယ်။
ABC

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...