Pages

Tuesday, August 13, 2013

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝက်ဘ်ဆိုက်လွှင့်တင်

မြန်မာနိုင်ငံတွင်ကျင်းပမည့်(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဆိုင်ရာ ဝက်ဘ်ဆိုက် လွှင့်တင်လိုက်ကြောင်းသိရသည်။
(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် ပတ်သက်သော သတင်းအချက်အလက်များအား နိုင်ငံတကာနှင့်ပြည်တွင်းမှသိရှိနိုင်ရန်၊ ပြိုင်ပွဲကာလအတွင်း သတင်းအချက်အလက် များကို အချိန်နှင့်တစ်ပြေးညီသိရှိနိုင်စေရန် လွှင့်တင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။


ဝက်ဘ်ဆိုက်လိပ်စာမှာ www.27seagames2013.com ဖြစ်ကြောင်း သိရှိရသည်။

ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ပါက ဆီးဂိမ်းကျင်းပရန်လိုအပ်သည့်အချိန်ကို Count Down ဖော်ပြထားသည်။ ၎င်းအပြင် ပြိုင်ပွဲကျင်းပရန်နေရာများဖြစ်သည့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ငွေဆာင်တို့နှင့် ပတ်သက် သည့်အချက်အလက်များ ပြိုင်ပွဲတွင်ပါဝင်မည့်အားကစားနည်းအမျိုးမျိုး၊ ပွဲကျင်းပမည့် အစီအစဉ်နှင့် နေရာ များ၊ သတင်းများ၊(၂၇) ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့်ပတ်သက်သည့် အချက်အလက် များကို စာမျက်နှာတစ်ခုချင်းစီအလိုက် ဖော်ပြထားသည်ကို တွေ့ရသည်။

၎င်းအပြင် နေပြည်တော်လေဆိပ်၊ ရန်ကုန်လေဆိပ်၊မန္တလေးလေဆိပ်များနှင့် ပတ်သက်၍လည်း အချက် အလက်များအား သိရှိနိုင်ရန် ဖော်ပြထားသည်ကိုတွေ့ရသည်။

(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အားကစားနည်းပေါင်း (၃၃)မျိုးယှဉ်ပြိုင်မည်ဖြစ် ပြီး အာဆီယံနိုင်ငံများ ပါဝင်မည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၄ ခု၊ နေပြည်တော်အပါအဝင် ၁၅ ခု ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

Sea Game ကို လေးနေရာခွဲ၍ ကျင်းပမည်ဖြစ်ပြီး ရန်ကုန်တွင်(၅)မျိုး၊ မန္တလေးတွင် အမျိုးသမီး ဘောလုံးပွဲ၊ ငွေဆောင်တွင် ရွက်လှေအားကစားတို့နှင့် နေပြည်တော်တွင် ကျန်အားကစားနည်းများကို ကျင်းပသွားမည်
ဖြစ်ကြောင်း သိရသည်။

အဆိုပါအားကစားပြိုင်ပွဲအတွက် ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံအသီးသီးကိုယ်စားပြု ဆိုင်းဘုတ်ကိုင် အမျိုး သမီး ၁၁ ဦး နှင့် ပိတ်ပွဲအခမ်းအနားတွင် အားကစားနည်း (၃၃) နည်းကိုယ်စားပြု အမျိုးသမီး (၃၃) ဦးကို Volunteer ကိုယ်တိုင် ဆန္ဒပြုသူအဖြစ် တာဝန်အပ်နှင်းသွားမည်ဖြစ်ကြောင်းသိရသည်။

၎င်းဆိုင်းဘုတ်ကိုင်အမျိုးသမီးအဖြစ် စိတ်ပါဝင်စားသူများအား ပါဝင်ဆောင်ရွက်ရန်ဖိတ်ခေါ်ထားပြီးဖြစ် သည်။

Internet Journal

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...