Pages

Monday, August 12, 2013

ကင်တားနားအား ဒေသခံတို့မှ ကန့်ကွက်ဆန္ဒပြ


သြဂုတ်လ (၁၂)ရက် နံနက်(၈း၄၅)မိနစ်အချိန်က မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာကင်တားနားသည် စစ်တွေလေဆိပ်သို့ ရောက်ရှိခဲ့သည်။

လေဆိပ်မှထွက်ခွာရာလမ်းတလျှောက်၌ ရခိုင်ပြည်သူ ဆယ်ဦးကျော်က ကင်တားနားအား အလိုမရှိကြောင်း ဖော်ဆောင်သည့် ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဆန္ဒဖော်ထုတ်ခဲ့ကြသည်ဟု ဆန္ဒထုတ်ဖော်သူများထံမှ သိရှိရသည်။

မစ္စတာကင်တားနားသည် ဘူးသီးတောင် အကျဉ်းထောင်သို့ ဆက်လက်ထွက်ခွာ မည်ဖြစ်ပြီး နောက်တစ်နေ့ နံနက်ပိုင်း၌ ရခိုင်ပြည်သူလူထုနှင့်တွေ့ဆုံသွားမည်ဟု သိရသည်။


From:မြစ်မခ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...