Lion Air
လေကြောင်းလိုင်းမှ ဂျက်လေယာဉ်သည် ခရီးသည် (၁၁၀)ကို တင်ဆောင်ပြီး
ဆူလာဝေဆီကျွန်းရှိ ဂိုရွန်တာလို လေဆိပ်ကို ဆင်းသက်စဉ် ယခုကဲ့သို့
သည်းထိတ်ရင်ဖို အခြေအနေ ကြုံခဲ့ခြင်း ဖြစ်သည်။
အင်ဒိုနီးရှား နိုင်ငံတွင် နွားမတစ်ကောင်ကို ဝင်တိုက်မိသည့်အတွက်
ခရီးသည်တင် လေယာဉ်တစ်စင်း လမ်းကြောင်းချော်ထွက်မှု ဖြစ်ပွားခဲ့ကြောင်း
သိရှိရသည်။ Lion Air လေကြောင်းလိုင်းမှ ဂျက်လေယာဉ်သည် ခရီးသည် (၁၁၀)ကို
တင်ဆောင်ပြီး ဆူလာဝေဆီကျွန်းရှိ ဂိုရွန်တာလို လေဆိပ်ကို ဆင်းသက်စဉ်
ယခုကဲ့သို့ သည်းထိတ်ရင်ဖို အခြေအနေ ကြုံခဲ့ခြင်း ဖြစ်သည်။ လေယာဉ်သည်
အရှိန်လျော့ပြီး ဖြစ်နေကာ ရပ်နားမည့် နေရာသို့ ဦးတည်မောင်းနှင် စဉ်
ပြေးလမ်းပေါ်တ ည့်တည့် လျှောက် သွားနေသည့် နွားမသုံးကောင်နှင့် တိုးခဲ့ခြင်း
ဖြစ်သည်။ နွားမတစ်ကောင်သည် ယခုဖြစ်စဉ်အ တွင်း သေဆုံးသွားသလို လေယာဉ်လည်း
လမ်းကြောင်းပြောင်း ချော်ထွက်သွားခဲ့သည်။
ခရီးသည်များရော၊ လေယာဉ် အမှုထမ်း (၇)ဦးတို့ပါ မည်၍မည်မျှ ဒဏ်ရာရရှိကြောင်း
တိတိကျကျ မသိရသေးသော်လည်း အခြေအနေ ဆိုးရွားဖွယ် မရှိဟု သတင်းများက ဆိုသည်။
လေယာဉ်သည် အတန်ငယ် ထိခိုက် ပျက်စီးသွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ
အလွန်ပြင်းထန်မှု မရှိသည့်တိုင် လေယာဉ် ခရီးစဉ် အချို့ကို
ဖျက်သိမ်းခဲ့ရသည်။
အဆိုပါ လေယာဉ်သည် အိဒ်နေ့ အားလပ်ရက်အတွက် ခရီးထွက် လာသူများကို
တင်ဆောင်လာခြင်း ဖြစ်သည်။ လေယာဉ်ပြေးလမ်းပေါ် ကျူးကျော် ဝင်ရောက်လာ သည့်
ကျန်နွားနှစ်ကောင်၏ ကံကြမ္မာကို မသိရသေးချေ။
လေယာဉ်မှူး အိုင်ဝမ်ပါမာဒီက "လေယာဉ်နဲ့ နွားနဲ့ တိုက်မိလိုက်တဲ့နောက်
အသားမီးကျွမ်းတဲ့ အနံ့ မျိုးတောင် ရမိတယ်"ဟု သတင်းထောက်များအား
ပြောကြားခဲ့သည်။ ပို့ဆောင်ရေး ဝန်ကြီး ဌာန ပြောရေး ဆိုခွင့်ရ အရာရှိ
ဘမ်ဘန်းအာဗန်းက "ပြေးလမ်းပေါ်မှာ နွားသုံးကောင် ရောက်နေတယ်။ အနည်းဆုံး
တစ်ကောင်ကတော့ လေယာဉ်ဝင်တိုက်တာ ခံလိုက်ရပါတယ်"ဟု ဆိုသည်။ လေယာဉ်မှူးသည်
အစောပိုင်း က ဝင်တိုက်မိသည့် တိရစ္ဆာန်ကို ခွေးတစ်ကောင် ဖြစ်မည်ဟု
ခန့်မှန်းမိခဲ့သော် လည်း နောက် ပိုင်း တွင်မှ နွားတစ်ကောင်မှန်း
သိရှိလာခဲ့သည်။
အင်ဒိုနီးရှား လေကြောင်း ပို့ဆောင်ရေး စနစ်သည် လုံခြုံမှု အပိုင်းတွင်
အာရှတိုက်၏ အဆိုးဆုံး စာရင်းဝင် နာမည်ပျက်မျိုး ရှိနေသည်။ ဧပြီလက Lion
Airမှပင် လေယာဉ်တစ်စင်းသည် ပြေးလမ်းပေါ် ဆင်းသက်စဉ် တိတိကျကျ မရောက်သဖြင့်
ဘာလီကျွန်းအနီး သမုဒ္ဒရာထဲသို့ ဝမ်းဗိုက်ဖြင့် ဆင်းသက်ခဲ့ရပြီး ထိုစဉ်က
ခရီးသည် (၁၀၄)ဦးလုံး အသက်ရှင်ခဲ့သည်။ Lion Airသည် လာမည့် (၁၀)နှစ်အတွင်း
လေယာဉ်အစင်း (၁၀၀၀)ထိ ပိုင်ဆိုင်လာရန် မျှော်လင့်ထားသည့်
ကုမ္ပဏီကြီးဖြစ်ပြီး လတ်တလောတွင် Airbusနှင့် Boeingတို့မှ
လေယာဉ်ကြီးများကို မှာယူထားသည်။ ယခုပြဿနာတွင် ပြေးလမ်းပေါ် နွားများ
မည်သည့်အကြောင်းကြောင့် ရောက်နေသည်ကို စုံစမ်းနေဆဲ ဖြစ်သည်။
From:Planet Myanmar Network

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...