Pages

Monday, August 5, 2013

ရန်ကုန်-နေပြည်တော် ပွဲပျက် ရန်ကုန် ဘောလုံးသမား အချို့ ဒဏ်ရာရ



SEA Games အတွက် တည်ဆောက်ထားသည့် နေပြည်တော် ဝဏ္ဏသိဒ္ဓိ ကွင်းတွင် ကျင်းပသည့် နေပြည်တော်
နှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့၏ မြန်မာ နေရှင်နယ်လိဂ်ပွဲစဉ် ကစားပွဲတွင် လုံခြုံရေး အားနည်းမှုကြောင့်
ကွင်းအတွင်း ပရိသတ်များဝင်ရောက်လာသဖြင့် ပွဲချိန် မိနစ် ၃၀ တွင် ဆက်မကစားနိုင်ဘဲ ပွဲပျက်သွားကာ ရန်
ကုန် ကစားသမား အချို့လည်း ထိခိုက် ဒဏ်ရာရကုန်ကြောင်း ပွဲကြည့် ပရိသတ်များထံမှ စုံစမ်း သိရှိရသည်။

သြဂုတ်လ ၄ ရက်နေ့ညနေက ကျင်းပခဲ့တဲ့ မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ် ၂၂ တွင် ရန်ကုန်ယူနိုက်တက် အ
သင်းနှင့် နေပြည်တော် အသင်းတို့ကစားသည့် ပွဲစဉ်အား နေပြည်တော် ၀ဏ္ဏသိဒ္ဓီဘောလုံးကွင်းတွင်းတွင်
ယှဉ်ပြိုင်ကစား ခဲ့ကြပါသည်။

ပွဲကစားချိန် ၃၅ မိနစ်ခန့်တွင် နှစ်ဖက် အချင်းများရာမှ ပွဲကစားချိန် ၃၇ မိနစ်ခန့်တွင် ပွဲစဉ်ကို လုံးဝရပ်
နားခဲ့ရသည်။ အဆိုပါပွဲစဉ်တွင် ရန်ကုန်ပရိသတ် ထောင့်လေးရာခန့် နှင့် နေပြည်တော် ပရိသတ် တစ်
သောင်းကျော်တို့လာရောက်ကြည့်ရှုခဲ့သည်ဟု သိရပါသည်။

ဓါတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...