ရန်ကုန်၊ သြဂုတ် ၅
၎.၈.၂၀၁၃ ရက်နေ့ ၂၃၃၀ အချိန် ကမာရွတ်မြို့နယ်၊ ပြည်လမ်းအတိုင်း
တောင်မှမြောက်သို့ ယာဉ်မောင်း
အောင်ကိုဝင်း (စုံစမ်းဆဲ)မောင်းနှင်လာသော ၂စ/----
ကင်တာအမျိုးအစား(ကိုယ်ပိုင် ယာဉ်)သည် မြန်မာ့
အသံဝင်းရှေ့အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ တဖက်ယာဉ်ကြောသို့ရောက်ရှိ ကာ
ပြည်လမ်းအတိုင်း
မြောက်မှတောင်သို့ ကိုတင်ဇော်မင်း (ဘ)ဦးတင်အုန်း၊ ရွှေကျင်မြို့နယ်၊
ပဲခူးတိုင်းဒေသကြီးနေသူ မောင်း
နှင်လာသော ၈ဆ/---- လိုက်ထရပ်(ကိုယ်ပိုင်ယာဉ်)နှင့် နောက်ဘက်မှ ကိုအောင်ဝင်း
မောင်းနှင်လာသည့်
၃စ/---- ဟိုင်းလတ်ဆပ်(ကိုယ်ပိုင်ယာဉ်)တို့အား တိုက်မိခဲ့ပါသည်။
ယာဉ်တိုက်မှုကြောင့် ယာဉ်(၃)စီးနှင့် ပန်းခုံများပျက်စီးခဲ့ပြီး ၂စ/----
ယာဉ်ပေါ်ပါ ရွှေပြည်သာမြို့နယ် နေ
သူများဖြစ်သည့် ကိုရဲ (ဘ)ဦးဇော်လင်း၊ ကိုမင်းဇယ်ရူး (ဘ)ဦးဖိုးရူး၊
ကိုကျော်သက်နိုင် (ဘ)ဦးစိန်ဝင်း၊ ကို
ဇော်မင်းထက် (ဘ)ဦးတင်အုန်းနှင့် ၈ဆ/---- ယာဉ် ပေါ်ပါ ယာဉ်မောင်း
ကိုတင်ဇော်မင်းတို့တွင် ဖူးရောင်၊
ပေါက်ပြဲ နာကျင်ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးတွင်
အတွင်း/အပြင်လူနာများအဖြစ်
ကုသလျက်ရှိပြီး၊ ၈ဆ/-- ယာဉ်ပေါ်ပါ ကိုအောင်လင်းစိုး (စိစစ်ဆဲ)မှာ
နဖူးစုတ်ပြဲ၊ ၀ဲနားသွေးထွက်၊ ၀ဲခြေ၊
လက်ဖျံတို့တွင် ဖူးရောင်ဒဏ်ရာ များရရှိခဲ့၍
ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်စဉ် သေဆုံးသွားခဲ့ပါသည်။
အဆိုပါယာဉ်တိုက်မှုတွင် ယာဉ်အားမဆင်မခြင်မောင်းနှင်သူ ၂စ/----
ကင်တာအမျိုးအစား ယာဉ်မောင်း
အောင်ကိုဝင်းမှာ အခင်းဖြစ်နေရာတွင် ယာဉ်ကိုထားကာထွက်ပြေးသွားခဲ့သဖြင့်၎င်းအား
ကမာရွတ်မြို့မ
ရဲစခန်းယာဉ်(ပ)၄၀/၂၀၁၃၊ ပုဒ်မ ၂၇၉/၃၃၇ /၃၃၈/၃၀၄-က/၂၀၂ ဖြင့်အရေးယူ
ထားရှိပြီး ဖမ်းဆီးရမိ
ရေးဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။
Yangon Police

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...