Pages
▼
“စု”ချင်းတူသော်ငြား စုဖုရားလတ်ကိုသာ လေးစားသည်
ကုန်းဘောင်နောက်ဆုံးမင်းဆက်၌“
စုဖျက်လို့ ပြည်ပျက်ခဲ့ရသည်”ဟု ဆိုသူတို့ဆိုကြသည်။
သီပေါမင်းသားနှင့် စုဖုရားကြီး စုလျားရစ်ပတ်နေစဉ် ပလ္လင်ပေါ်ဇွတ်တက်၊
ယင်းနှစ်ယောက်ကြားဇွတ်ဝင်
ထိုင်ကာ ကြင်ယာလုခဲ့သော တဇွတ်ထိုးဆန်သည့်
မိဖုရား။
“မိဖုရား”ဟူသောဝေါဟာရမှ
“ဖ”အက္ခရာကို “ဘ”အက္ခရာနှင့်ပြောင်းရန် ဇွတ်တရွတ်လုပ်ဆောင်ကြိုးပမ်းခဲ့ဖူးသောမိဖုရား။
မောင်ဖေငယ်နဲ့
ဒိုင်းခင်ခင်အပေါ် အမျက်တော်ရှကာ ရက်စက်စွာသုတ်သင်ခဲ့သော
အငြိုးစောင်မာန်ကြီးသည့် ဓားထက်သူမိဖုရား။
“မောင်းကောင်းကို
ထမီထုပ်နဲ့ ကျောက်ပျဉ်ပေးသနားစေ”ဟု သမိုင်းတွင်မည့် သမိုင်းဝင်
စကားပြောကြားခဲ့သော
ရာဇမာန်ခက်ထန်သည့် မိဖုရား။
သီပေါဘုရင်အား
အစစချုပ်ကိုင်လွှမ်းမိုးလျက်
ဘမျိုးဘိုးတူ သွေးဆ၊ူအမျက်ထွက်လွယ်သော ရတနာဂီရိအကျဉ်းစံ
တစ်ပါးတည်းသောမိဖုရား…
ထိုမိဖုရားကြောင့် တိုင်းပြည်ပျက်ရသည်ဟု
ဆိုသူတို့ကဆိုကြသည်။(ကျွန်တော်ကတော့
ထိုသို့မမြင်၊ဘုန်းတော်ဘွဲ့တွေကြား၊
နွားခြေရာကြား နေသည့်ဖားလို ယစ်မူးပျော်မွေ့လာခဲ့ကြသော
ပဒေသရာဇ်စနစ်နှင့်ကိုလိုနီစနစ်ထိပ်တိုက်တိုးခြင်းသည်
လက်သည်တရားခံဖြစ်၍ ခေတ်မီတပ်မတော်မရှိခြင်းသည် စစ်ရှုံးရခြင်း၏အဖြေဖြစ်သည်။)
တိုင်းပြည်ကျွန်ဖြစ်ရခြင်းသည် ထိုမိဖုရားကြောင့်တစ်စိတ်တစ်ဒေသပါဝင်သည်ထားဦး။
သူမ၏စိတ်ဓာတ်သည်
မြန်မာ့သွေး၊မြန်မာ့မာန်တို့နှင့်
ဟူးဟူးထန်လျက်ရှိသည်။သူမ၏
မခံချင်စိတ်၊တဇွတ်ထိုးညာဉ်၊တစောက်ကန်းလုပ်ရပ်များတွင် မျိုးချစ်စိတ်ဓာတ်တို့စိမ့်ဝင်
နေကြောင်း ထင်လင်းစွာတွေ့နိုင်သည်။
“စု”သည် ရာဇ၀င်ဘီးကိုတစ်ပတ်လှည့်လျက်
မြန်မာ့ နိုင်ငံရေးအခင်းအကျင်းထက် တစ်ကျော့တက် လာပြန်ပေ သည်။မှန်ပေသည်။ သူမအမည်က ဒေါ်အောင်ဆန်းစုကြည်။
ဗိုလ်ချုပ်သမီး အရှိန်ဝါကြီးသည်။
နိုင်ငံခြားတိုင်းပြည်မှ
ဘွဲ့ရ၊ပညာတတ်၊နိုဘယ်လ်ဆုအပါအ၀င်
လူတစ်ယောက်အတွက် တစ်သက်နှင့်တစ်ကိုယ် မကြုံဖူးအောင်သော
ဂုဏ်ထူးဆောင်လက်မှတ်များစွာရှိသည်။
အနောက်နိုင်ငံများအပေါ် သြဇာညောင်းသလို ပြည်တွင်းတွင်လည်း
လူထုကြည်ညိုခြင်းကို ရယူပိုင်ဆိုင်ထားသူဖြစ်သည်။ ဗိုလ်ချုပ်သမီးဟူသော အချက်တစ်ချက်ထဲနှင့်ပင်
ပြည်သူအပေါင်းက သူမ၏နောက်ခံအထ္ထုပတ္တိအကြာင်းကို
ပြည်ဖုံးကားချလျက် သူမအပေါ်အစစအရာရာ လေးစား တန်ဖိုးထားခြင်းခံရသည်ကိုက
အလိုအလျှောက်ပဒေသာပင်ပေါက်သူဟုဆိုနိုင်သည်။
သူမသည် ရှစ်လေးလုံးအရေးအခင်း၌ ဦးဝင်တင်၊ဦးသော်က၊ဦးတင်ဦးစသော ဆရာ့ဆရာကြီးများ၏ မြေတောင်မြှောက်
မန်းမှုတ်ပေးမှုဖြင့် ဒုတိယညောင်ရမ်းကိုယ်တော်လေးအဖြစ် နိုင်ငံရေးလှေဦးထိပ်တွင် ပြည်သူအများ၏
ဒူးတုပ်ခစားခြင်းခံခဲ့ရသူဖြစ်သည်။
သူမသည် နုနယ်သောနိုင်ငံရေးသက်တမ်းတလျှောက်စစ်အစိုးရနှင့်ထိပ်တိုက်ရင်ဆိုင်ရေး လမ်းစဉ်ကို
ရွေးချယ်ခဲ့သည်။ကွန်မြူနစ်အခြေခံ
အာဏာမှန်သမျှ ဖီဆန်ရေးဝါဒကို လက်ကိုင်ပြုခဲ့သည်။အနောက်နိုင်ငံများနှင့် လက်ဝါးချင်းရိုက်ကာ
စီးပွားရေးပိတ်ဆို့မှုများဖြင့်
ကိုယ့်နိုင်ငံလည်ပင်းကို ကိုယ့်ကြိုးကွင်းနှင့်ကိုယ် ပြန်စွပ်စေခဲ့သည်။ယင်းအတွက်စုန်ချည်တစ်ခါ ဆန်ချည်တစ်လှည့်ဖြင့်
နိုင်ငံရေးဝဲဂယက်ထဲ၌ တိုင်းခန်းလှည့်လည် မဲဆွယ်ခဲ့ရသော
နန်းစံရက်စွဲများရှိခဲ့သလို
အကျယ်ချုပ်ကျသော အကျဉ်းစံရက်စွဲများဖြင့်လည်း
မျောပါခဲ့ရသည်။
အလုံးဆုံသော လွတ်ငြိမ်းချမ်းသာမှုဖြင့်
သူမလွတ်လပ်လာပြီး
ကြားဖြတ်ရွေးကောက်ပွဲ ၌ အောင်မြင်မှုရခဲ့သောအခါ သူမအပေါ်တွင်ထားရှိခဲ့ကြသော
ပြည်သူလူထု၏ မျှော်လင့်ချက်မှာ ထူးကဲဒီရေထက် မြင့်တက်ခဲ့သည်။သူမသည်
ကနဦးအတိုက်ခံလမ်းစဉ်အတိုင်း
လွှတ်တော်တွင် ကတိသစ္စာတည်မည့်အရေး
ငြင်းခုံကန့်ကွက်ခဲ့သေးသည်။သို့ရာတွင် အားလုံးမျှော်လင့်ထားသည့်အတိုင်း လွှတ်တော်ကိုယ်စားလှယ်အမတ်အဖြစ်မှတ်တမ်းသစ်တင်ခဲ့သည်။
သူမသည် ပြည်သူ့အသံကို နားဆင်ပါ ပြည်သူ့အသံကို နားဆင်ပါဟူ၍
ကြိမ်းဖန်များစွာပြောကြား ခဲ့ဖူးသလို လူ့အခွင့်အရေးဟူသော စကားလုံးကို
ရေလဲသုံးစွဲခဲ့သူဖြစ်သည်။သို့ရာတွင်
ပြည်သူ့အသံကို အမှန်နားဆင်၍ ပြည်သူကို အမှန်တကယ်အလုပ်ကျွေးပြုခဲ့သည်လော စစ်ကြောစရာရှိနေပေသည်။
သမ္မတကြီးက မတူသည်များကို ခဏဘေးဖယ်ထား၍ တူညီသည်များကို အတူတကွ
ပူးတွဲဆောင်ရွက်ရန် လောဆော်သည်။ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို တရစပ်လုပ်ဆောင်သည်။နောက်ပြန်ဆွဲ၊လက်တွဲမရသူများကို လက်တွဲဖြုတ်ချ
ပြခဲ့သည်။နိုင်ငံတကာ၌မျက်နှာအောက်ကျခံကာ
နိုင်ငံတွင်တင်ရှိသည့် ပြည်ပကြွေးမြီများပေးလျှော်ရေး၊စီးပွားရေးပိတ်ဆို့မှုများ အမြန်ဆုံးရုတ်သိမ်းပေးရေး
အလေးထားတောင်းဆိုတိုက်တွန်းခဲ့သည်။
အနောက်နိုင်ငံများက သမ္မတကြီးဦးဆောင်သည့် အစိုးရအဖွဲ့၏
ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုကာ စီးပွားရေးပိတ်ဆို့မှုများ
ပြန်လည်ရုတ်သိမ်းပေးရန် ချီတုံချတုံဖြစ်နေချိန် သူမက
“သိပ်မယုံကြပါနဲ့ဦး”ဟုဆိုခဲ့သည်။
စီးပွားရေးပိတ်ဆို့မှုဒဏ်ကို
ကျောကော့အောင်ခံခဲ့ရသော၊သူမအပေါ်
ယုံကြည်ကိုးစား မျှော်လင့်ချက်များစွာထားခဲ့သော
ပြည်သူများအတွက် လွှတ်တော်အမတ်မင်း၏ ဒုတိယမြောက် လက်ဆောင်ပင်ဖြစ်သည်။
ပထမလက်ဆောင်မှာ “ကျွန်မတို့ အာဏာမရသမျှ စစ်အစိုးရကို
စီးပွားရေးပိတ်ဆို့ထားကြပါ”ဟူသည့်
သမိုင်းဝင်စကားလက်ဆောင်ဖြစ်သည်။
တကယ့်တကယ် စီးပွားရေးပိတ်ဆို့မှုဒဏ်ကို
အလူးအလဲခံရသည်က ပြည်သူများသာဖြစ်သည်ကို သူမ မသိရှိလေသလော။
သိသိချည်းနှင့် မစားရအမဲသဲပက်လေသည်လော မပြောတတ်။ ကျွန်တော် အမြင်ကတ်ခဲ့သည်။
နောက်တစ်ချက်မှာသူမလွှတ်တော်တွင်းမရောက်မီကာလက
ဝန်ထမ်းများလစာငွေ တိုးမြှင့်ပေးရေးကိစ္စဖြစ်သည်။
ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန်နီးကပ်စဉ်အတွင်းက နိုင်ငံဝန်ထမ်းများ
မလောက်မင၊မတောက်မပနှင့်နေခဲ့ရသည့်
ဘ၀များကိုတိုးမြှင့်ပေးရန်
ကောဠာဟလများ ပွက်လောညံနေချိန်၊“ဒီလိုအချိန်မျိုးနဲ့တိုက်ပြီး
ဝန်ထမ်းတွေလစာတိုးပေးမယ်ဆိုတာ
မဖြစ်သင့်တာပဲ”ဆိုခဲ့သည်။အကယ်၍
ထိုအချိန်နှင့် တိုက်တိုက်ဆိုင်ဆိုင် လစာငွေတိုးမြှင့်ပေးခဲ့၍ ၀န်ထမ်းများ
ဝမ်းခါးလှလှ နေရ၀တ်ရသည်ဆိုပါက (ပရဟိတ၊ဘွဲထူးနဂ္ဃမ ပိုင်ဆိုင်ထားသော) သူမ
ကျေနပ်ဝမ်းသာ မုဒိတာပွားရမည်သာ ဖြစ်သည်။လွှတ်တော်အမတ်
တစ်နေရာနှင့်တစ်နိုင်ငံလုံးရှိ
ဝန်ထမ်းကုဋေကုဋာဝမ်းစာ၊ သူမချိန်စက်မလဲနိုင်ပါ ဆိုသည်ကို ပြဆိုနေသည့်
စကားရပ်။ကျွန်တော်အမြင်ကတ်ခဲ့သည်။
ဒီကြားထဲ“ မြန်ကို မြန်မာလို့မခေါ်နိုင် ဘားမားလို့ပဲခေါ်နိုင်မည်”
၊“ကုလားကို ကုလားလို့
ခေါ်တာ ရိုင်းတာ” ၊“လူတွေသာ
ကျွန်မခွေးလေးလောက်ရိုးသားကြရင်”
စသော ကဏ္ဋကောဇ၊ ၀ိဝါဒဖြစ်စေမည့် စကားများကို ဆိုခဲ့သည်။ တချို့သော
အနောက်တိုင်းအလိုကျ သူမ ဘယ်လိုဆိုဆို အမေရိကန် သမ္မတ အိုဘားမားပင် မြန်မာကို
မြန်မာလို့ဆိုခဲ့သည်။လူတွေကို
ခွေးနှင့်နှိုင်း၍ ပြည်သူတော်တော်များများ ဒေါပွခဲ့ကြသည်။ မြန်မာပြည်သူတွေ
ပါးစပ်ဖျားမှာ ကုလားဟာ ကုလားသာဖြစ်သည်။
ပြန်ကောက်ရလျှင်
လွှတ်တော်တွင် သူမပီပီပြင်ပြင် လုပ်ဆောင်ခဲ့မှု၊ပြည်သူ့အသံကို နားဆင်၍ ပြည်သူလိုအပ်ချက်မျာကို
ထိထိမိမိတင်ပြနိုင်မှုမရှိခဲ့ပေ။
ဗောင်းတော်ညိတ်၊စိတ်တော်ကျ အရည်ချင်းမရှိသော လူတစ်ချို့၏ ၀န်းရံခစား
ဖော်လံဖားမှုတွေကြားမှာ ယစ်မူးနေသလား ထင်မှတ်မှားခဲ့ရသည်။
သူမ၏
အဆိုးဝါးဆုံးအားနည်း၂ချက်မှာ
ကြားဖြတ်ရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးချိန်တွင်းပေါ်ပေါက်ခဲ့သည့် မြန်မာဘင်္ဂလားဒေ့ရှ်
ရေပိုင်နက်အငြင်းပွားမှု ကိစ္စတွင် နိုင်ငံရပ်ခြားတိုင်းတစ်ပါးအပေါ်တွင် သြဇာညောင်းသည်ဆိုသော
ဂုဏ်အရှိန်ဝါအရပ်ရပ်နှင့်
မျိုးချစ်စိတ်ဓာတ်ကို တစ်ခွန်းတပဒမျှ ဖွင့်ဟခဲ့မှုမရှိခြင်းနှင့်ရခိုင်အရေးကိစ္စတွင် ဘင်္ဂလီဘက်ကမသိမသာရပ်တည်ကာ
ကိုယ့်အမျိုးသားနှင့် ကိုယ့်တိုင်းရင်းသားအရေး နှာစေးနေခဲ့ခြင်းဖြစ်သည်။
လတ်တလောကာလတွင် ထို့ထက်ပို၍ အဆင်ခြင်မဲ့စွာ ပြုမူလုပ်ဆောင်နေသည့်
အကြောင်းအချက်များမှာ တစ်နိုင်လုံး သွေးဆူနေချိန်တွင် လူနည်းစုဘက်က
ရပ်တည်ရမည်ဆိုသောစကားနှင့် ပဋိပက္ခဖြစ်ပွားရာ အရပ်များရှိ မွတ်ဆလင်ဗလီများ
ပြန်လည်ဆောက်လုပ်ရန် ကျပ်ငွေသိန်း၂၀၀ကို သူမကလှူဒါန်းမည်ဟူသော
အချက်များပင်ဖြစ်သည်။ထိုပြုမူပြောဆိုမှုများသည်
သူမအပေါ်ယုံကြည်ကိုးစား တန်ဖိုးထားခဲ့ကြသည့် တိုင်းရင်းသားပြည်သူများ၏
ရင်ဝတည့်တည့်ကို ဓားစိုက်ထည့်ခဲ့သလို သူမအပေါ်ထားသည့် မျှော်လင့်ချက်များ
သဲထဲရေသွန်ဖြစ်သွားခဲ့ရသည်။
မြန်မာနိုင်ငံတွင် နိုင်ငံသားအချင်းချင်း နှိမ့်ချဆက်ဆံမှုမရှိပါ။ဘာသာ အယူဝါဒအချင်းချင်း ကြီးနိုင်ငယ်ညှင်းမရှိပါ။ဤသည်ကို ဆူးလေဘုရားတ၀ိုက်က သက်သေအထင်ကရ
ပြနေပါသည်။ပဋိပက္ခ ဖြစ်ပွားခဲ့ရမှုများတွင် တစ်ဘက်အမှားသာ မဟုတ်ပါ။
နောက်ကွယ်မှ စနစ်တကျ ကြိုးကိုင်ဆောင်ရွက်နေကြသည့် ပြည်တွင်း/ပြည်ပ
အဖွဲ့စည်းများနှင့် ငွေကြေးထောက်ပံ့မှုများစွာရှိနေပါသည်။ကျားလို ၀ါးမြိုရန်အခွင့်ကောင်း ချောင်းသူများ
ရှိနေပါသည်။လူမြို၍ လူမျိုးဖြုတ်ရန် တိုးလုပ်မှုများရှိနေပါသည်။ရခိုင်ပြည်နယ် မောင်းတောတွင် ဗုဒ္ဓဘာသာ
ကိုးကွယ်သူ၆.၅၉%ရှိ၍ အစ္စလာမ်ကိုးကွယ်သူ၉၂.၆၃%ရှိပါသည်။ဘူးသီးတောင်တွင်
ဗုဒ္ဓဘာသာကိုးကွယ်သူ
၁၇.၂၆%ရှိ၍ အစ္စလာမ်ကိုးကွယ်သူ ၈၁.၁၀%ရှိနေပါသည်။
ပဋိပက္ခ စတင်ဖြစ်ပွားရာ ထိုဒေသများတွင် ကိုးကွယ်သူအချိုးနှင့်
နေထိုင်သူအချိုး ချင့်တွက်နိုင်ပါသည်။ထို အချိုးအရ အစ္စလာမ်ဘင်္ဂလီများသည်
လူနည်းစုဖြစ်ပါသလော။အစ္စလာမ်
ဘင်္ဂလီတို့သည် တရားဝင်နေထိုင်သူ တိုင်းရင်းသားများဖြစ်နိုင်ပါ၏လော စစ်ကြောနိုင်ပေသည်။
ထိုကိစ္စများကို မသိကျိုးကျွံပြု၍ ဒေါ်စုဤသို့ လုပ်ဆောင်နေသည်မှာ
အဘယ့်ကြောင့်နည်း။နောက်ကွယ်က
မဖော်ပြနိုင်သော အကြောင်းတရားများကြောင့်လော
။ဆင်ခြင်တုံတရား နည်းပါး၍လောမပြောတတ်။
ကျွန်တော် လွန်စွာ
အမြင်ကတ်ပါဘိ။
သူမ “သမ္မတဖြစ်ချင်သည်”ဟူသောစကားကိုလည်း မည်သို့မျှမခံစားရ၊ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဇွတ်အတင်း
နှပ်ကြောင်းပေးနေသည်ကိုလည်း
ကျွန်တော်စိတ်မ၀င်စား။
အထက်ပါ တင်ပြပါ
အချက်အလက်များကြောင့်သာ “စုချင်းတူပေမယ့် မျိုးချစ်စိတ်ပြင်းပြခက်ထန်၍ တဇွတ်ထိုးဆန်သော ဒေါသူပုန်မိဖုရား
စုဖုရားကိုသာ ကျွန်တော်လေးစားသည်။
(ကျွန်တော့်အမြင်သာ ဖြစ်ပါသည်။)
From:
Aung Zay
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...