မလေးရှားနိုင်ငံ ပီနန်ကျွန်းတွင် လာရောက် အလုပ်လုပ်နေသော
မြန်မာနိုင်ငံသားတစ်ဦးကို စွန့်ပစ်သတ္တုပစ္စည်းများ စုဆောင်းသည့် Jalan
Siput Kepah အရပ်ရှိ ကွန်တိန်နာ တစ်လုံးအတွင်း သေဆုံးနေသည့်ကို
တွေ့ရကြောင်း မလေးရှားနိုင်ငံ အခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြထားသည်။
အသက် ၂၆ နှစ်အရွယ် မြန်မာနိုင်ငံသား ဦးသန့်ဇင်လင်းကို ၎င်း၏ အခန်းဖော်များက
ချွန်ထက်သော ကိရိယာများဖြင့် အကြိမ်ကြိမ် ထိုးနှက်သတ်ဖြတ်ခဲ့ကြောင်း
အိမ်နီးချင်းတစ်ဦး၏ ပြောကြားချက်အရ သိရသည်ဟု မလေးရဲတပ်ဖွဲ့က
ထုတ်ပြန်ထားသည်။
အဆိုပါ သက်သေထွက်ဆိုသူ အိမ်နီးချင်းက သြဂုတ်လ ၂၂
ရက်နေ့ ည ၁၂ နာရီကျော်ခန့်တွင် ကပ်လျက်အိမ်၌ ဆူညံသံများ၊
အော်ဟစ်ရုန်းကန်သံများ ကြား၍ အခန်းထဲသို့ ချောင်းကြည်ရာ ဦးသန့်ဇင်လင်းသည်
သွေးအိုင်ထဲတွင် လဲနေသည်ကိုတွေ့၍ ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
ဦးသန့်ဇင်လင်းကို သတ်ဖြတ်ခဲ့သည်ဟု ယူဆရသည့် အခန်းဖော် Joe နှင့် Mai
တို့သည် သြဂုတ်လ ၂၂ ရက် နေ့ ည ၁၂ ကျော် နောက်ပိုင်းက ပင်
ပျောက်ဆုံးနေခဲ့ကြောင်း၊ ၎င်းတို့နှစ်ဦးကို ဖမ်းဝရမ်းထုတ်ထားပြီး ဖမ်းမိပါက
မလေးရှား ပီနန်ဥပဒေပုဒ်မ ၃၀၂ အရ လူသတ်မှုဖြင့် အရေးယူသွားမည် ဖြစ်ကြောင်း
ယင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
ဦးသန့်ဇင်လင်းသည်
မလေးရှားနိုင်ငံတွင် အလုပ်လုပ်နေသူဖြစ်ပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ
မဟာမင်းကြီးရုံးမှ ထုတ်ပေးသော ပြည်တွင်းနေထိုင်ခွင့် အမှတ်အသား ကတ်ပြားကို
ကိုင်ဆောင်ထားသူတစ်ဦး ဖြစ်သည်။
From :
..the voice

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...