တစ်ပတ်လျှင် ကော်ဖီ ၂၈ ခွက်ထက် ပိုသောက်သုံးသူ အသက် ၅၅ နှစ်အောက်
ငယ်ရွယ်သူများသည် အသက်အန္တရာယ် ပိုမို စိုးရိမ် ရကြောင်း အွန်လိုင်း ဂျာနယ်
တစ်ခုဖြစ်သည့် Mayo Clinic Proceedings တွင် ရေးသား ဖော်ပြထားသည်။
ကော်ဖီကို အလွန်အကျွံ သောက်သုံးခြင်းဖြင့် အသက်အန္တရာယ် စိုးရိမ် ရကြောင်း
အထူးသဖြင့် တစ်ပတ်လျှင် ၂၈ ခွက်၊ တစ်ရက် လေးခွက်နှုန်း ခန့် ကော်ဖီ
သောက်သူများတွင် စိုးရိမ်စရာ
ကောင်းကြောင်း၊ ကော်ဖီ အလွန်အကျွံ သောက်သုံးသူ ၅၆ ရာခိုင်နှုန်းသည်
ရောဂါများဖြစ်ပွားလွယ် ပြီး သေဆုံးနှုန်းလည်း မြင့်မားသည်ဟု ယင်းစာစောင်တွင်
ရေးသား ထားသည်။
အထူးသဖြင့် အမျိုးသမီးများ အသက် ၅၅ နှစ်အောက်
ကော်ဖီ သောက်သုံးမှု လွန်ကျူးသူများတွင် သေဆုံးမှု နှစ်ဆ ပိုများကြောင်း
ယခုလေ့လာထားချက် မှာ ၁၉၇၁ ခုနှစ်မှ ၂၀၀၂ ခုနှစ်အတွင်း လေ့လာထားချက်များ
ဖြစ်ကြောင်း အသက် ၂၈ နှစ်မှ ၈၇ နှစ်အတွင်း အမျိုးသမီး ၄၃၇၂၇ ဦးကို
လေ့လာရာမှ ရလဒ်ကို ထုတ်ပြန်ထားခြင်း ဖြစ်သည်ဟု ယင်းစာစောင်က ဆိုသည်။
From :
..the voice

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...