Pages

Sunday, August 18, 2013

ခြေလေးဖက်ပါ ကလေးငယ် ဒုတိယ အကြိမ် ထပ်မံခွဲစိတ်

ရန်ကုန်၊ သြဂုတ် ၁၇
ကျန်းမာရေးသမိုင်းတွင် မှတ်ကျောက်တင်မည့် ခြေထောက်တစ်စုံ အပိုပါရှိသည့် ခြေလေးဖက် ကလေး
ငယ်ကို ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့တွင် ဒုတိယအကြိမ် ထပ်မံခွဲစိတ်ခဲ့ပြီး အခြေအနေ ကောင်း
မွန်ကြောင်း ရန်ကင်း ကလေးဆေးရုံအုပ်ကြီး ဒေါက်တာအောင်မြင့်လွင်က The Voice သို့ ပြောကြား
သည်။

“ခြေထောက်ကလေးတွေကို တည့်မတ်ဖို့နဲ့ ပြန်ပြီးစုစည်းဖို့ ကျောက်ပတ် တီးလေးတွေ စည်းတယ်။
အားလုံးအခြေအနေ ကောင်းတယ်” ဟု ၎င်းကထပ်လောင်း ပြောဆိုသည်။

ပထမအဆင့် ခွဲစိတ်မှု တစ်လအကြာတွင် ထိုသို့ ဒုတိယအကြိမ် ခွဲစိတ်ခြင်း ဖြစ်ပြီး ယင်းလသားအရွယ်
ကလေး ပကတိ အခြေအနေသို့ ပြန်လည် ကောင်းမွန်သည်အထိ ဧရာဝတီ ဖောင်ဒေးရှင်းက တာဝန်ယူ
မည် ဖြစ်ကြောင်း အဆိုပါ ကလေးငယ်၏ ကျန်းမာရေးကို စောင့်ရှောက်နေသော ရန်ကင်း ကလေးဆေး
ရုံထံမှ သိရသည်။

ထိုခြေလေးဖက် မိန်းကလေးငယ်ကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်
လင်ခရိုင် ပင်လုံမြို့နယ်၌ မွေးဖွားခဲ့ကာ ခွဲစိတ်မှု ပြုလုပ်ရန် ရှမ်းပြည်နယ် အစိုးရမှတစ်ဆင့် ရန်ကုန်
မြို့ ရန်ကင်း ကလေးဆေးရုံသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဧရာဝတီ ဖောင်ဒေးရှင်း တာဝန်ရှိသူများ
ထံမှ သိရသည်။

အဆိုပါ ကလေးငယ်၏ ပထမအဆင့် ခွဲစိတ်မှုမှာ ခြောက်နာရီ ကြာမြင့်ခဲ့ပြီး ရန်ကင်း ကလေးဆေးရုံ
က အထူးကုဆရာဝန်များအပြင် အခြားဆေးရုံများက အရိုးဆရာဝန်များလည်း ပါဝင်ခဲ့ကာ ခွဲစိတ်ကု
သမှုနှင့် ကျန်းမာရေး စောင့်ရှောက်မှုများပေးရန် ဆေးအဖွဲ့ကို သီးခြားဖွဲ့စည်းခဲ့သည်။

The Voice Weekly

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...