Pages

Sunday, August 18, 2013

ကမ္ဘာလှည့် ခရီးသည် အမျိုးသမီး ထံမှ လုယက်သူ အား ဖမ်းဆီးရမိ

နေပြည်တော်၊ သြဂုတ် ၁၇
၃-၈-၂၀၁၃ ရက်နေ့ ၁၈၅၀ အချိန် ညောင်ဦးမြို့၊ အမှတ်(၇)၀က်ကြီးအင်းရပ်ကွက်၊ ညောင်ဦး-ပုဂံမြို့သစ်
ကားလမ်း တောင်ဘက်ခြမ်းရှိ ဆူးလေကုန်း ဘုရားအနီးတွင် ပြင်သစ်နိုင်ငံသူ Miss,Amilic Schaitt (၂၃)
နှစ်ထံမှ မြန်မာအမျိုးသားတစ်ဦးက ခါးပတ်အိတ်အားလုယူစဉ် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရာ ပြင်သစ်နိုင်ငံ
သူတွင် ၀ဲမျက်လုံးဖူးရောင်ညိုမဲ၊ လည်ပင်း၊ ၀ဲလက်တို့၌ ပွန်းခြစ် ဒဏ်ရာများ ရရှိခဲ့ပြီး ပတ်စ်ပို့(၁)အုပ်၊ အ
မေရိကန်ဒေါ်လာနှင့်မြန်မာငွေများ၊ Credit Card (၁)ခုနှင့်လေယာဉ်လက်မှတ်တို့ ပါသွားခဲ့ကြောင်းကို ၎င်း
တည်းခိုနေသည့် View Point တည်းခိုခန်းပိုင်ရှင်က တိုင်တန်းခဲ့သောကြောင့် ညောင်ဦးမြို့မရဲစခန်း(ပ)၉၄
/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၈၆ ဖြင့် အမှုဖွင့်စုံစမ်းခဲ့သည်။

ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် ညောင်ဦးခရိုင်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များနှင့် ကမ္ဘာလှည့်ခရီး
သွားလုပ်ငန်းလုံခြုံရေး ရဲတပ်ဖွဲ့စု(ပုဂံ)မှတပ်ဖွဲ့ဝင်များ ပူးပေါင်းစုံစမ်းဖော်ထုတ်ခဲ့ရာ ပုဂံမြို့ဟောင်းမှ
ချောက်သို့သွားသော လမ်းဆုံတွင် ပြစ်မှု ကျူးလွန်ခဲ့သူ မြောက်ဦးမြို့နယ်၊ မီးလောင်းဖျားမြောက်ရွာနေ
ရဲမင်းစိုး(ခ)မျိုးမင်းဦးအား ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်အရ ရဲမင်းစိုးသည် အခင်းဖြစ်နေ့က ဆူးလေကုန်းဘုရားအနီးတွင် နိုင်ငံခြားသူတစ်ဦးအား
တွေ့ရှိရ၍ အနီးရှိတုတ်တစ်ချောင်းဖြင့်(၃)ချက်ရိုက်ပြီး အိတ်အားလုယူ ထွက်ပြေးခဲ့ကြောင်း၊ အိတ်အ
တွင်းမှ အမေရိကန်ဒေါ်လာ(၂၃၄)ဒေါ်လာတွေ့ရှိသဖြင့် (၁၃၄)ဒေါ်လာအား မိတ်ဆွေဖြစ်သူ မချိုနွယ်၏
အကူအညီဖြင့် ညောင်ဦးမြို့၊ ဈေးအတွင်းရှိ ဒေါ်စန်းနွဲ့ထံ လဲလှယ်ခိုင်းခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သ
ဖြင့် လဲလှယ်ခဲ့သည့်ဒေါ်လာငွေအား လိုက်လံသိမ်းဆည်းခဲ့သည်။

ထို့ပြင် အခင်းဖြစ်ရပ်တောင်ဘက်(၁)မိုင်ခန့်အကွာတွင် မှုခင်းဖြစ်စဉ်က ပါဆုံးသွားသော Credit Card
အား ထပ်မံရှာဖွေသိမ်းဆည်းရမိခဲ့သဖြင့် ပြစ်မှုကျူးလွန်သူ ရဲမင်းစိုး(ခ)မျိုးမင်းဦးအား ထိုက်သင့်သည့်
ပြစ်ဒဏ် ရရှိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ထို့ပြင် အခင်းဖြစ်ရပ် တောင်ဘက်(၁)မိုင်ခန့် အကွာတွင် မှုခင်းဖြစ်စဉ်က ပါဆုံးသွားသော Credit Card
အား ထပ်မံရှာဖွေ သိမ်းဆည်း ရမိခဲ့သဖြင့် ပြစ်မှုကျူးလွန်သူ ကို--အား ထိုက်သင့်သည့် ပြစ်ဒဏ် ရရှိရေး
ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း ရဲဇာနည် (Facebook) အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါ
သည်။

ရဲဇာနည် (Facebook)

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...