Pages

Friday, August 2, 2013

သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် သုံးထပ်ဆောင်ပေါ်မှ အမျိုးသမီးလူနာ ခုန်ချ

ရန်ကုန်၊ သြဂုတ် ၁
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် သွပ်ဝိုင်းကြီး ရပ်ကွက်ရှိ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်
(ရန်ကုန်) ဆေးကုသဆောင် သုံးထပ်ဆောင်ပေါ်မှ ဇူလိုင်လ ၃၁ ရက်နေ့ ညနေ ၃ နာရီခန့်က အသက်
၂၈ နှစ်အရွယ် အမျိုးသမီး လူနာတစ်ဦး ခုန်ချခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်
ချက်အရ သိရသည်။

အသက် ၂၈ နှစ်အရွယ် ဒေါ်မေဖြိုးအောင်သည် တွံတေးမြို့နယ် သုံးအိမ်ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး
၎င်း၏ ညာဘက်အာခေါင်တွင် အကြိတ်ပေါက်နေသဖြင့် ခွဲစိတ်ကုသရန် အတွင်းလူနာဆောင်၌ တက်
ရောက်နေစဉ် ခုန်ချခဲ့ခြင်း ဖြစ်ကြောင်း၊ အမျိုးသမီးသည် ခုန်ချသည့်ဒဏ်ကြောင့် ညာဘက်ပါး ဖူးရောင်
စုတ်ပြဲဒဏ်ရာ၊ ညာလက်ဖျံရိုးနှင့် ညာဘက်ပေါင်ကျိုး ဒဏ်ရာများ၊ အပေါ်သွားနှစ်ချောင်း ကျိုး၍ နောက်
စေ့ဖူးရောင် ဒဏ်ရာများ ရရှိခဲ့ကြောင်း အဆိုပါ မြို့နယ်ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

ဆေးကုသနေသည့် အဆိုပါအမျိုးသမီး မည်ကဲ့သို့ ခုန်ချခဲ့သည်ကို စုံစမ်းနေဆဲသာ ဖြစ်ကြောင်း အဆိုပါ
ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်၏ သုံးထပ်ဆေးကုသဆောင်မှ ခုန်ချသူလူနာကို ရန်ကုန်ပြည်သူ့
ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောအထူးကုဌာန အထူးကြပ်မတ် ကုသဆောင်တွင် ကုသလျက်ရှိပြီး
၎င်း၏ ဦးခေါင်းဒဏ်ရာကို ဓာတ်မှန်စစ်ချက်များအရ အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာ မရှိကြောင်း အ
ဆိုပါဆေးရုံမှ တာဝန်ကျ ဆရာဝန်တစ်ဦးက ပြောကြားသည်။

ခုန်ချသူ၏ အာခေါင်တွင် ခံစားနေရသည့် ရောဂါဝေဒနာနှင့် ပတ်သက်၍ ကြောက်ရွံ့မှုနှင့် စိုးရိမ်မှုများ
ရှိခဲ့ခြင်းကြောင့် ခုန်ချခြင်း ဖြစ်နိုင်ကြောင်း သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် အသိုင်းအဝိုင်းထံမှ စုံ
စမ်းသိရှိရသည်။

အလားတူ မြန်မာနိုင်ငံ၌ လူနာအများဆုံး တက်ရောက် ကုသသည့် ဆေးရုံဖြစ်သည့် ခုတင် ၁၅၀၀ ဆံ့
ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ခွဲစိတ်ကုသဆောင် (၁၃/၁၄ ) လေးလွှာတွင် ဇွန်လ ၈ ရက် ညနေပိုင်းက
အသက် ၃၈ နှစ်အရွယ်ရှိ အမျိုးသား လူနာတစ်ဦး ခုန်ချသေဆုံးခဲ့သည်။

The Voice Weekly

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...