Pages

Friday, August 2, 2013

ဘင်္ဂါလီ လူဦးရေစာရင်း ကောက်နိုင်ရန် လူ့အခွင့်အရေးကော်မရှင် ကူညီမည်

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ လူဦးရေ စာရင်းကောက် ယူနိုင်ရန် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်
မရှင်က ဘင်္ဂါလီများကို စည်းရုံးရေး ဆင်းကာ အကူအညီ ပေးသွားမည် ဖြစ်ကြောင်း အဆိုပါ ကော်မရှင်မှ
ဥက္ကဋ္ဌ ဦးစစ်မြိုင်က The Voice ကို ပြောကြားသည်။

ဘင်္ဂါလီ လူဦးရေ စာရင်းကောက်ရာတွင် အခက်အခဲ ဖြစ်ပေါ်နေသဖြင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်
သူ့အင်အားဝန်ကြီးဌာနက အကူအညီပေးရန် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ဇူ
လိုင်လ ၂၉ ရက်နေ့က တွေ့ဆုံခဲ့ကြောင်း ၎င်းကဆိုသည်။

ဘင်္ဂါလီများကို စည်းရုံးရန် ရခိုင်ပြည်နယ်သို့ လပိုင်းအတွင်း သွားရောက်မည်ဖြစ်ပြီး ယင်းကိစ္စအောင်မြင်
ရန် အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်ရန် မလိုအပ်ကြောင်း၊ စည်းရုံးရေး အပါအဝင် အသေး
စိတ် လုပ်ငန်းများကို ဆွေးနွေးနေဆဲ ဖြစ်ကြောင်း ဦးစစ်မြိုင်က ထပ်မံပြောဆိုသည်။

ပြည်ထောင်စု စီမံချက်ဖြင့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများကို စာရင်းကောက်ယူရန် လုပ်ငန်းစဉ်အရ စစ်တွေ
မြို့နယ်တွင် ဧပြီလ ၂၆ရက်နေ့က ဘင်္ဂါလီလူဦးရေ စာရင်းကောက်ခံရာတွင် လူမျိုးအမည်တွင် ဘင်္ဂါလီအ
စား ရိုဟင်ဂျာဟု ထည့်သွင်းပေးရန် ဘင်္ဂါလီများ၏ တောင်းဆိုမှုကို စာရင်းကောက်သူများက ခွင့်မပြုသ
ဖြင့် စစ်ဆေးရေး အဖွဲ့ဝင်များကို ခဲများ၊ တုတ်များနှင့် ပစ်ခတ်ခဲ့ရာ တပ်မတော်သားတစ်ဦး၊ ရဲတပ်ဖွဲ့ဝင်
တစ်ဦး၊ ရခိုင်ကိုယ်စားလှယ်တစ်ဦးတို့ ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး အခြားငါးဦးလည်း ဒဏ်ရာ ရရှိခဲ့သဖြင့်
စာရင်းကောက်မှု ယာယီ ရပ်ဆိုင်းခဲ့ရသည်။

ကနဦး အစီအစဉ်အရ ပြည်ထောင်စုအစိုးရ အစီအမံဖြင့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ လူမျိုးများကို ဆွဲတင်စစ်
(မြေပုံဆွဲ၊ မှတ်တမ်းတင်၊ စစ်ဆေး) စနစ်ဖြင့် ဧပြီလ ၂၆ ရက်နေ့မှ မေလ ၁၅ ရက်နေ့အထိ လူဦးရေ စာ
ရင်းကောက်ခံရန် လုပ်ဆောင်ခြင်း ဖြစ်သည်။

စစ်ဆေးရေးအဖွဲ့များ တိုက်ခိုက်ခံရမှုကြောင့် ခေတ္တရပ်ဆိုင်းထားသည့် ရခိုင်ပြည်နယ် ဘင်္ဂါလီလူဦးရေ
စာရင်း ပြန်လည် ကောက်ယူရာတွင် ဘင်္ဂါလီ လူ့အဖွဲ့အစည်းအပေါ် သြဇာညောင်းသည့် ကြားခံ အဖွဲ့
အစည်း (Third Party) အကူအညီဖြင့် ဆက်လက် ကောက်ယူသွားမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်
ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားထားသည်။

ဟိန်းသွင်ထက်

The Voice Weekly

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...