မန္တလေးမြို့က နာမည်ကြီး လူရွှင်တော် ဦးပါပါလေး ဒီနေ့ခင်း ၁ နာရီက
မန္တလေးမြို့ နေအိမ်မှာ ကွယ်လွန်
သွားပါတယ်။
လူရွှင်တော် ဦးလူမော်က “ဦးပါပါလေးက ဆီးနဲ့ကျောက်ကပ်ပေါ့ခင်ဗျား။ ၁ လပိုင်း
လောက်ကတည်းက
စဖြစ်တာ။ သူရောဂါ သူမသိဘူးပေါ့ဗျာ။ ခါးနာတာပဲသိတယ်။ အဲဒါ မကြောက်တရား
လှည့်ဟောလိုက်၊
ပွဲသွားကလိုက်။ စည်းရုံးရေးဆင်းလိုက်၊ ပြန်လာလိုက်။ ဆီးမကောင်းမှန်းလည်း
မသိဘူး။ ကျောက်ကပ်
မကောင်းမှန်းလည်း မသိဘူး။ နေ့ခင်း ၁ နာရီမှာဆုံးတယ်” လို့ ပြောပါတယ်။
ဦးပါပါလေးမှာ ဆီးနဲ့ ကျောက်ကပ်ရောဂါရှိတဲ့အပြင်
နှလုံးသွေးကြောပိတ်တယ်လို့လည်း သူ့မိသားစုက
ပြောပါတယ်။
ကွယ်လွန်ချိန်မှာ အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ လူရွှင်တော် ဦးပါပါလေးဟာ
နိုင်ငံရေးပြက်လုံး တွေကြောင့်
ထောင် ၃ ကြိမ်အထိ ကျခဲ့ဖူးတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဖြစ်ပါတယ်။
လူရွှင်တော် ဦးပါပါလေးနဲ့ လူရွှင်တော် ဦးလူမော်တို့ ညီအစ်ကို ၂ ဦးဟာ
မန္တလေး နေအိမ်မှာ နိုင်ငံခြား
သားတွေကို ဟာသပြက်လုံးထုတ်ပြပါတယ်။ အခုတော့ နှုတ်ခမ်းမွေး ညီအစ်ကိုမှာ
တယောက်ပဲ ကျန်
တော့တယ်လို့ ဦးလူမော်က ပြောပါတယ်။
“ကျနော့်မှာ တာဝန်ပိုကြီးလာပါပြီ။ ဒါပေမယ့် အလေ့အကျင့်ကတော့
ရှိပြီးသားပေါ့ခင်ဗျာ။ ကျနော့်အစ်
ကိုက ဒီမိုကရေစီ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီးတော့ ထောင် ၃ ခါ ကျဖူးတယ်။
၁၉၉၀ ရွေးကောက်ပွဲမှာ ပြက်လုံးနဲ့ စည်းရုံးလို့ ၆ လ ကျဖူးတော့
ကျနော်အိမ်မှာ အစ်ကိုကိုယ်စား ကူညီ
ပံ့ပိုးခဲ့တယ်။ တအိမ်လုံးကို စောင့်ရှောက်ခဲ့တယ်။ နောက် ၁၉၉၆
ဒေါ်အောင်ဆန်းစုကြည်ခြံမှာ လွတ်လပ်
ရေးပွဲ သွားကပြီး အပြန်မှာ ၇ နှစ်၊ နောက် သံဃာ့အရေးအခင်း။ ဒီအတိုင်းပဲ
အစ်ကိုက ထောင်ထဲမှာ၊ ဒီလို
ပဲ အိမ်ကို ကျနော် ကြည့်ရှုခဲ့ရတယ်။ အခုတော့ တာဝန်ပိုကြီးသွားပါပြီ။
အစ်ကိုကိုယ်စားပေါ့။”
by အေးနိုင် (ဒီဗွီဘီ)
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...