ဗုဒ္ဓဂယာ ဘုရားဖူးခရီးစဉ်မှ မဟာဗောဓိ စေတီနှင့် နီပေါရှိလုဗ္ဗနီတို့သို့
မိုဘိုင်းဖုန်းနှင့် ကင် မရာ ယူဆောင်
ခွင့် မပြုတော့ကြောင်း သိရသည်။
ယခုလ ၇ ရက်နေ့တွင် ဗုဒ္ဓဂယာ၌ ဖြစ်ပွား ခဲ့သည့် ဗုံးပေါက်ကွဲမှုကြောင့်
အိန္ဒိယသံရုံးမှ လုံခြုံရေးများ တိုး
ချဲ့လိုက်ပြီး နေရာတိုင်းတွင် သတ္တုရှာဖွေ သည့်စက်များ ပိုမိုတပ်ဆင်ထား
ကြောင်း သိရသည်။
”အတွင်းထဲကို မိုဘိုင်းဖုန်းတွေ၊ ကင်မရာ တွေ ယူဆောင်ခွင့်မပေးတော့ ပါဘူး။
အဲဒီ့ အတွက် အမှတ်တ
ရဓာတ်ပုံရိုက်ဖို့ ခက်ခဲသွား ပါတယ်။ တစ်ဖက်မှာ လုပ်လိုက်တဲ့အတွက်လည်း
လုံခြုံရေးအရ အရမ်းထူ
ထပ်သွား တဲ့အတွက် စိတ်ချရတဲ့ အခြေအနေလည်း ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ
ခရီးသွားလုပ်ငန်းရှင်
များအသင်းမှ အတွင်းရေးမှူးဦးနောင်နောင် ဟန်က ပြောသည်။
ဘုရားရှင် တရားဟောတော်မူရာ နေရာနှင့် ပရိနိဗ္ဗာန်စံတော်မူရာ နေရာနှစ်ခု တွင်
မိုဘိုင်းဖုန်းနှင့် ကင်မ
ရာယူဆောင်ခွင့် ပြုထား သော်လည်း လုံခြုံရေးအရ စစ်ဆေးမှုများကို
နေရာတိုင်းတွင် ပြုလုပ်နေသော
ကြောင့် ဘုရား ဖူးခရီးသွားများအတွက် စိတ်ချရကြောင်း ဦးနောင်နောင်ဟန် က
ပြောသည်။
”အတွင်းထဲမှာတော့ အနှောင့်အယှက် ဖြစ်စေမယ့် လုံခြုံရေးတွေ မရှိပါဘူး။
ဘုရားဖူး တဲ့လူတွေ လွတ်
လွတ်လပ်လပ် ပူဇော်ဖူးမြော် နိုင်မယ့် အခြေအနေတွေ ရှိပါတယ်” ဟု ၄င်းက
ဆက်ပြောသည်။
ယခုအခါ ဗုဒ္ဓဂယာသို့ ဘုရားဖူးသွားရန် အတွက် လေကြောင်းလိုင်းများ
တိုးချဲ့ပျံသန်းသွား မည်ဖြစ်သဖြင့်
၂ဝ၁၂ ခုနှစ် ခရီးသွားရာသီတွင် ဘုရားဖူးခရီးသွား လေးသောင်းခန့် ရှိခဲ့ပြီး၊
ယခု နှစ် ခရီးသွားရာသီ တွင်
ခြောက်သောင်းခန့် ဖြစ် လာနိုင်ကြောင်း သိရသည်။
ဗုဒ္ဓဂယာ၏ လုံခြုံရေးနှင့်ပတ်သက်၍ ဝန် ဆောင်မှုလုပ်ငန်းရှင်များကလည်း
စိုးရိမ်လျက် ရှိသောကြောင့်
သြဂုတ်ပထမပတ်တွင် အိန္ဒိယ သံရုံးနှင့် နီပေါသံရုံးမှတာဝန်ရှိသူများ
မြန်မာနိုင် ငံခရီးသွားလုပ်ငန်းရှင်
များအသင်း ရုံးခန်းသို့ လာရောက်၍ လုံခြုံရေးပိုင်းဆိုင်ရာများ တွေ့ဆုံ
ရှင်းလင်း သွားမည်ဖြစ်ကြောင်း
သိရသည်။
ခိုင်နွယ်ဦး
Popular Myanmar News Journal
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...