စားသုံးသူ အခွင့်အရေး ကာကွယ်ရေး ဥပဒေ အတည်ပြုပြီးပါက စားသုံးသူ များ၏
တိုင်တန်းမှုများကို
စားသုံးသူရေးရာ ဌာနခွဲက ဖြေရှင်းပေး မည် ဖြစ်ကြောင်း
ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ
ဦးစီးဌာနထံမှ သိရသည်။
စားသောက်ကုန်နှင့် ပတ်သက်၍ ကျေနပ်မှု မရှိပါက နေပြည်တော်ရှိ
ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံး
သူရေးရာ ဌာနခွဲသို့ တိုင်ကြားနိုင်ပြီး ရန်ကုန်နှင့် မန္တလေးမြို့တို့တွင်
သြဂုတ်လအတွင်း အဆိုပါ ဌာနများ
ကို ဖွင့်လှစ်သွားရန် အစီအစဉ် ရှိကြောင်းလည်း အဆိုပါ ဌာနထံမှ ထပ်မံ သိရသည်။
“စားသောက်ကုန်နဲ့ ပတ်သက်တာရော၊ ဝန်ဆောင်မှုနဲ့ ပတ်သက်တာရော မကျေနပ်တာတွေ
ဖြေရှင်း ပေး
သွားမှာပါ။ တရုတ်ကလာတဲ့ စားသောက်ကုန် ပဲဖြစ်ဖြစ်၊ ပြည်တွင်းက ထုတ်လုပ်တာပဲ
ဖြစ်ဖြစ် စားသုံးသူ
အတွက် အန္တရာယ် ဖြစ်တယ်ဆိုရင် ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမယ်” ဟု
ကူးသန်းရောင်းဝယ်
ရေးနှင့် စားသုံးသူရေးရာ
ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး
က ပြောကြားသည်။
“စားသုံးသူတွေ အနေနဲ့ ပစ္စည်း Date လွန် ဝယ်မိတာ၊ အာမခံ တစ်နှစ် ပေး ထားပြီး
တစ်နှစ်အတွင်းမှာ
ပြင်မပေးတာ၊ ဆေးခန်းတွေမှာ ဆေးကုသမှု လွဲမှားတာ၊ စက်ရုံတွေက ရေဆိုး
စွန့်ပစ်လို့ ဒုက္ခရောက်တဲ့
သူတွေက အသင်းကို လာတိုင်ကြားလို့ ဖြေရှင်းပေးရတာ ရှိတယ်” ဟု စားသုံး သူများ
ကာကွယ်ရေး အ
သင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောကြားသည်။
စားသုံးသူ အခွင့်အရေး ကာကွယ်သည့် ဥပဒေကို ယခု ကျင်းပနေသည့် လွှတ်တော်
အစည်းအဝေး
တွင် အတည်ပြုနိုင်ဖွယ် ရှိပြီး အဆိုပါဥပဒေ အတည်ပြုပြီးပါက နည်းဥပဒေ
ရေးဆွဲမည် ဖြစ်ကြောင်း
၎င်းက ဆိုသည်။
ပြည်တွင်းတွင် စားသောက်ကုန်နှင့် ပတ်သက်ပါက ကိုယ်ပိုင် စံများနှင့်
ထုတ်လုပ်နေကြကာ ဥပဒေ
မရှိသည့် အတွက် ရောင်းချင်သလို ရောင်း ချနေကြကြောင်း၊ စားသုံးသူ များအတွက်
လုံခြုံ စိတ်ချမှု
မရှိကြောင်း၊ စားသုံးသူ တိုင်ကြားမှု စစ်ဆေးသည့် အခါတွင်လည်း ဘက်လိုက်
ဆုံးဖြတ်မှု မဖြစ်ရန်
အရေးကြီးကြောင်း မန္တလေးမြို့ရှိ သကြား လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။
The Voice Weekly
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...