ရွှေတိဂုံ စေတီတော်တွင် ဖြစ်ပေါ်လျက် ရှိသော
အခြေအနေများနှင့် ကျင်းပခဲ့သော
အဓိက အစီအစဉ်များ အကြောင်းကို အချိန်နှင့် တစ်ပြေးညီ လွယ်ကူစွာ သိရှိနိုင်စေရန် ရည်ရွယ်၍ ရွှေတိဂုံ စေတီတော်၏
ကိုယ်ပိုင် ဝက်ဘ်ဆိုက် တစ်ခုကို အမြန်ဆုံး လွှင့်တင်နိုင်ရန် စီစဉ်
ဆောင်ရွက်နေကြောင်း သိရသည်။
''အရင်ကဆို ရွှေတိဂုံ စေတီတော်ရဲ့
သတင်းတွေကို မီဒီယာတွေက နှစ်ပတ်တစ်ကြိမ် လာယူကြတယ်။ အဲဒီတော့မှ
ကျွန်တော်တို့က သူတို့ သိချင်တာတွေကို ပြောပြရတယ်။ ကျွန်တော်တို့ဘက်က
ဖြေကြားပေး ရတာအချိန်တို အတွင်းမှာ မပြည့်စုံတာ လေးတွေ
လည်းရှိကောင်းရှိနိုင်ပါတယ်။
ဒါကြောင့် စေတီတော်ကြီးနဲ့ ပတ်သက်တဲ့သတင်းအချက်အလက်
တွေကို အသေး စိတ်
တိတိကျကျ သိနိုင် အောင်ရည်ရွယ်ပြီး ဝက်ဘ်ဆိုက်လွှင့်တင်ဖို့
ဆုံးဖြတ်ခဲ့တာပါ။ ကျွန်တော်တို့ အခုလာမယ့် ၁ဝ ရက်အတွင်း လုပ်နိုင်အောင်
ကြိုးစားနေပါတယ်''ဟု ရွှေတိဂုံစေတီတော် ဂေါပကရုံး အဖွဲ့မှ
တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ ဝက်ဘ်ဆိုက်
လွှင့်တင်ပြီးပါက နှစ်ပတ်တစ်ကြိမ် ပုံမှန်အစည်းအဝေးပြုလုပ်သွား မည်ဖြစ်ပြီး
သတင်း အချက်အလက်များကို ဝက်ဘ်ဆိုက်မှတစ်ဆင့် မည်သူမဆို လွတ်လပ်လွယ်ကူစွာ
ဝင်ရောက်ကြည့်ရှု နိုင် မည်ဖြစ်ပြီး ဝက်ဘ်ဆိုက်အမည်မှာ Shwedago-ngaw
paka.com ဖြစ်ကြောင်း သိရသည်။
မြ၀တီ

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...