Pages

Wednesday, August 7, 2013

အမေရိကန်မှ ရက်ရက်စက်စက် ဗုံးကျဲမှု ၆၈ နှစ်ပြည့် အခမ်းအနား ကျင်းပ

(၁၉၄၅)ခုနှစ်၊ ဩဂုတ်လ (၆)ရက်နေ့က အမေရိကန် လေတပ်၏ နျူကလီးယားဗုံး ကြဲချမှုကြောင့် ဟီရိုရှီးမား ကျွန်းပေါ်တွင် လူပေါင်း (၁၄၀၀၀၀)ကျော် သေဆုံးခဲ့ရ 
ဟီရိုရှီးမားဖြစ်ရပ် ၆၈ နှစ်ပြည့် အခမ်းအနား 
ဂျပန်နိုင်ငံတွင် ကျင်းပ
နှစ်ပတ်လည် အခမ်းအနားကို ဝမ်းနည်း ကြေကွဲစွာ ကျင်းပခဲ့ကြောင်း သိရှိရသည်။ (၁၉၄၅)ခုနှစ်၊ ဩဂုတ်လ (၆)ရက်နေ့က အမေရိကန် လေတပ်၏ နျူကလီးယားဗုံး ကြဲချမှုကြောင့် ဟီရိုရှီးမား ကျွန်းပေါ်တွင် လူပေါင်း (၁၄၀၀၀၀)ကျော် သေဆုံးခဲ့ရသည်။ နောက်(၃)ရက်အကြာ နာဂါစကီ မြို့ပေါ်သို့ ကြဲချသော ဗုံးကြောင့် ယခုထက် ပိုမို အသေအပျောက် များပြားခဲ့ပြီး ဂျပန်တို့ စစ်ရှုံးကာ ဒုတိယ ကမ္ဘာစစ် အဆုံးသတ်ခဲ့ရသည်။ (၆၈)နှစ်မြောက် ဟီရိုရှီးမားနေ့ နှစ်ပတ်လည် အခမ်းအနားကို အဆိုပါမြို့တွင် ကျင်းပရာ လူပေါင်း (၅၀၀၀၀)ကျော် တက်ရောက်ပြီး (၁)မိနစ် အသံတိတ် ငြိမ်သက်ခြင်းဖြင့် ဝမ်းနည်း ကြေကွဲမှုကို ပြသခဲ့သည်။
ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေး အပါအဝင် ဂျပန်နိုင်ငံ၏ ထိပ်တန်း နိုင်ငံရေးသမား အများအပြားလည်း ယခု အခမ်းအနားကို တက်ရောက်ခဲ့သည်။ ဂျပန်သည် နျူကလီးယား ဘေးဒုက္ခနှင့် စပ်လျဉ်းပြီး မကြာသေးမီ နှစ်ပိုင်းကလည်း ပြဿနာတစ်ရပ် တွေ့ကြုံခဲ့ရသေးသည်။ (၂၀၁၁)ခုနှစ်က ငလျင်ကြီးတစ်ခု လှုပ်ခတ်ပြီး နောက်ဆက်တွဲ ဆူနာမီ ရေလှိုင်းများ ရိုက်ခတ်ခြင်းကြောင့် ဖူကူရှီးမားရှိ နျူကလီးယား ဓာတ်ပေါင်းဖို ယိုစိမ့်မှု ဖြစ်ပွားရာ လူပေါင်း (၁၀၀၀၀၀)ကျော် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည်။ ယခုနှစ် ဟီရိုရှီးမားနေ့ အခမ်းအနားတွင် လူအများ စုရုံးက အမွှေးတိုင်များ ထွန်းညှိကြပြီး သေဆုံးသွားသူများအတွက် ဆုမွန်ကောင်း တောင်းပေးခဲ့ကြသည်။
 
"ဒါဟာ ငြိမ်းချမ်းရေး ကြေညာချက် တစ်ခုလည်း ဖြစ်ပါတယ်"ဟု ဟီရိုးရှီးမား မြို့တော်ဝန် ကာဇူမီ မတ်ဆူအီက ဆိုသည်။ "မြို့ပေါ် ကျရောက် ပေါက်ကွဲခဲ့တဲ့ အက်တမ်ဗုံးဟာ ရက်စက် ကြမ်းတမ်းလွန်းတဲ့ လက်နက် တစ်ခုဖြစ်ပြီး တကယ့် မကောင်းဆိုးရွားကြီးပါပဲ။ ကျွန်တော်တို့ဟာ ဒီအက်တမ်ဗုံးရဲ့ ငရဲဆန်မှုကို သိရှိထားပြီးပါပြီ။ ဒီမကောင်းဆိုးရွားကို ကျွန်တော်တို့ တိုက်ထုတ်ရပါမယ်"ဟု ဆိုသည်။ ဟီရိုရှီးမား ဒေသခံများသည် ဖူကူရှီးမား နျူကလီးယား ဓာတ်ပေါင်းဖို ယိုစိမ့်မှု ပြဿနာတွင် ထိခိုက်ခဲ့သူများကို ထောက်ခံရပ်တည်ကြောင်းလည်း ပြောကြားခဲ့ကြသည်။ အဆိုပါ ဓာတ်ပေါင်းဖိုတွင် ရေဒီယို သတ္တိကြွ ဖြာထွက်မှု အခြေအနေကို ထိန်းချုပ်ရန် ရုန်းကန်နေရဆဲဟု ဓာတ်ပေါင်းဖိုကို တည်ဆောက်ခဲ့သည့် တိုကျို အီလက်ထရောနစ် စွမ်းအင် ကုမ္ပဏီက ဝန်ခံထားသည်။
 
From : .. planet 

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...