ရွှေတိဂုံစေတီတော်
ကန့်သတ်ဧရိယာတွင် ဆောက်လုပ်ခွင့်
တင်လာခြင်းနှင့် စေတီတော်မြင်ကွင်း လမ်းကြောင်းပေါ် ကျရောက်သည့် နေရာတွင်
ဆောက်ခွင့် တင်လာခြင်း၊ ဆိတ်ငြိမ်ရပ်ကွက်ဟု သတ်မှတ်ထားသော နေရာများ၌
ဆောက်လုပ်ခွင့် တင်လာခြင်းတို့ကြောင့် လုံးဝဆောက်လုပ်ခွင့် ပြု၍
မရနိုင်သည့်
အထပ်မြင့် အဆောက်အအုံ ရှစ်လုံးရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာရေး
ကော်မတီ၊ အထပ်မြင့် အဆောက်အအုံများ စစ်ဆေးရေး ကော်မတီမှ သိရသည်။ဆောက်လုပ်ခွင့် မပြုခဲ့သည့် အဆောက်အအုံများမှာ ရွှေတိဂုံ စေတီတော် ကန့်သတ်ဧရိယာတွင် ပါဝင်သည့် ရွှေဂုံတိုင် ၅ လမ်းတွင် ၁၀ ထပ် အဆောက်အအုံ၊ ဗဟန်းမြို့နယ် မြေတိုင်းအမှတ် ၂၀ အေတွင် ၂၂ ထပ် (Commerical Complex) ဆောက်လုပ်ခွင့် တင်လာသည့် အဆောက်အအုံနှစ်လုံး၊ ချင်းတွင်းလမ်း၊ ၁၀ ရပ်ကွက်၊ ကမာရွတ်မြို့နယ် (Blazon ရှော့ပင်း စင်တာအနီး) တွင် ၁၂ ထပ်ခွဲ အဆောက်အအုံတစ်လုံး၊ ရွှေတောင်ကြားလမ်းတွင် ၁၆ ထပ် အဆောက်အအုံ၊ အနောက်မေခ လမ်းသွယ် (၂) မရမ်းကုန်း မြို့နယ်တွင် ၁၂ ထပ် အဆောက်အအုံ၊ ၀ါးတန်းလမ်း၊ လမ်းမတော်မြို့နယ်တွင် အကျယ် ၄၇ ပေသာရှိသည့် မြေကွက်တွင် ၁၇ ထပ်ခွဲတိုက်၊ အောက်ကြည့်မြင်တိုင်လမ်း၊ စောရန်ပိုင်ရပ်ကွက်၊ အလုံမြို့နယ်တွင် ၁၇ ထပ် အဆောက်အအုံ၊ ဗိုလ်တထောင်မြို့နယ် ၅၄ လမ်းတွင် ၁၂ ထပ်ရှိသည့် ဟိုတယ်စသည့် အဆောက်အအုံ များဖြစ်ကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...