Pages

Monday, August 26, 2013

ဆီးရီးယားတွင် ကားဗုံးခွဲ လုပ်ကြံမှုကြောင့် ဟားမားမြို့နယ် အုပ်ချုပ်ရေးမှူး သေဆုံး

ဆီးရီးယားတွင် ကားဗုံးခွဲ လုပ်ကြံမှုကြောင့် ဟားမားမြို့နယ် 
အုပ်ချုပ်ရေးမှူး သေဆုံး
ဆီးရီးယားနိုင်ငံ အလယ်ပိုင်း ဟွမ်းစ်ပြည်နယ်တွင် သြဂုတ် ၂၅ရက် ညနေပိုင်း က ကားဗုံး ပေါက်ကွဲ မှုကြောင့်  ဟားမား မြို့နယ် အုပ်ချုပ်ရေးမှူး သေဆုံးခဲ့ရကြောင်း ဆီးရီးယား နိုင်ငံပိုင် ရုပ်မြင်သံကြား သတင်းဌာန၏ ပြောကြားချက်အရ သိရှိရသည်။
အဆိုပါ သတင်းဌာန၏ ပြောကြားချက်အရ သေဆုံးသူ ဟားမားမြို့နယ် အုပ်ချုပ်ရေးမှူး အာနက်စ် အဗ္ဗဒူလ်ရာဇက်နာအမ်မှာ ဟားမားမြို့၏အနီး ဂါရာဂျီမာဒေသသို့သွားရောက်စဉ် လုပ်ကြံသတ်ဖြတ် ခံရခြင်း ဖြစ်ကြောင်း သိရပြီး အဆိုပါကိစ္စရပ် နှင့်ပတ်သက်၍ အသေးစိတ်ထုတ်ပြန်မှုမရှိသေးကြောင်း သိရသည်။ ဆီးရီးယား၌ ၂နှစ် ကျော်ကြာ ဖြစ်ပွားလျက်ရှိသော  ပြည်တွင်းစစ်တွင် သမ္မတဘာရှာအယ်လ် အာဆတ်အစိုးရအား ထောက်ခံသည့် နိုင်ငံရေးသမားများ၊ တပ်မတော်အရာရှိများနှင့် သတင်းထောက်များ အများစုမှာ လုပ်ကြံသတ်ဖြတ် ခံနေရကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...