အစၥလာမ္ဘာသာကို အဓိက ကိုးကြယ္တဲ့
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တရားရုံးကနေ အစ္စလာမ်ပါတီတစ်ခုကို တရားမဝင်အဖြစ်
သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။
Jamaat-e-Islami ပါတီရဲ့ မူဝါဒတွေဟာ ဘာသာရေးနဲ့ ညှိစွန်းမှုမရှိတဲ့
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အခြေခံဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ညီတဲ့အတွက်
ဘာသာရေးနဲ့ သက်ဆိုင်တဲ့ မူဝါဒတွေပါဝင်တဲ့ ပါတီရဲ့ မူဝါဒကြောင့်
တရားမဝင်ပါတီအဖြစ် သတ်မှတ်လိုက်ပြီး ပါတီအနေနဲ့ ရွေးကောက်ပွဲမှာ
ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရတော့ ဘူးလို့ သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လာမယ့် ဇန်နာဝါရီလမှာ ရွေးကောက်ပွဲ ကျင်းပဖို့
ရှိနေပါတယ်။
Jamaat-e-Islami ပါတီအနေနဲ့ ပါတီရဲ့ မူဝါဒကို
ပြင်ဆင်မယ်ဆိုရင် ပါတီအနေနဲ့
ပြန်လည် မှတ်ပုံတင်ပြီး နိုင်ငံရေးလုပ်ငန်းတွေ ဆက်လက်
လုပ်ကိုင်ခွင့်ရရှိမယ်လို့လည်း ပါရှိပါတယ်။
မကြာသေးခင်ကပဲ
Jamaat-e-Islami ပါတီခေါင်းဆောင်တွေ ၁၉၇၁ ခုနှစ် စစ်အတွင်းလူ့အခွင့်အရေး
ချိုးဖောက်မှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့်
တရားစွဲခံရပြီး အဲဒီထဲက ၄ ဦးကတော့ လူအစုလိုက် အပြုံလိုက်သတ်ဖြတ်မှု၊
အဓမ္မပြုကျင့်မှုနဲ့ ဘာသာရေးနှိပ်ကွပ်မှုတွေ လုပ်ခဲ့တဲ့အတွက်
သေဒဏ်ချမှတ်ခံခဲ့ ရပါတယ်။
Jamaat-e-Islami ပါတီခေါင်းဆောင်တချို့
ဆက်လက် ရုံးတင်စစ်ဆေးခံနေရတဲ့အပေါ် ပါတီကို ထောက်ခံ သူတွေက
ဆန္ဒပြနေကြချိန်မှာပဲ ပါတီကို တရားမဝင်အဖြစ် သတ်မှတ်လိုက်တဲ့အတွက်
နိုင်ငံမှာ ပြဿနာဖြစ်
လာနိုင်တယ်လို့လည်း သုံးသပ်ကြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘာသာရေး အစွန်းမရောက် သူတွေက Jamaat-e-Islami
ပါတီကို တရားမဝင် သတ်မှတ်ပေးဖို့ တောင်းဆိုမှုတွေကို အရင်ကတည်းက
ပြုလုပ်ခဲ့ပြီး အဲဒီပါတီဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ ပါကစ္စတန်နိုင်ငံကနေ
ခွဲထွက်ဖို့ကြိုးစားချိန်မှာ ကန့်ကွက်ခဲ့တဲ့ အဓိကပါတီဖြစ်ကြောင်းလည်း
သိရပါတယ်။
ABC
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...