Pages

Friday, August 2, 2013

၂၀၁၃ ခုနှစ် ကာကွယ်ရေး ဦးစီးချုပ်(ရေ) တံခွန်စိုက်ဒိုင်း ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲ နှင့် ဆုပေးပွဲ အခမ်းအနား ကျင်းပ

 

ရန်ကုန် ၊ ၂-၈-၂၀၁၃

၂၀၁၃ ခုနှစ် ကာကွယ်ရေး ဦးစီးချုပ်(ရေ) တံခွန်စိုက်ဒိုင်း ပြေးခုန်ပစ် ပြိုင်ပွဲ ဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကို ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီ ရေတပ်စခန်း ဌာနချုပ် ၊ သီဟသူရ ထွန်းတင် ခန်းမ၌ ကျင်းပရာ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ကိုယ်စား ဧရာဝတီ ရေတပ်စခန်း ဌာနမှူး ဗိုလ်မှူးချုပ် မောင်ဦးလွင် တက်ရောက် အဖွင့်အမှာ စကား ပြောကြားပြီး ပြိုင်ပွဲကို ဖွင့်လှစ် ပေးခဲ့သည်။
အဆိုပါ အခမ်းအနား သို့ ရန်ကုန်တပ်နယ် နှင့် သန်လျင် တပ်နယ်ရှိ တပ်မတော်(ရေ) မှ အရာရှိကြီးများ ၊ အရာရှိ ၊ စစ်သည်များ ၊ တာဝန်ရှိ သူများ ၊ ဖိတ်ကြား ထားသည့် ဧည့်သည်များ ၊ ပြိုင်ပွဲဝင် အားကစား သမားများ နှင့် မိသားစုဝင်များ တက်ရောက် ကြသည်။

ယင်းနောက် ဆုချီးမြှင့်ပွဲ အခမ်းအနား ကို ဆက်လက် ကျင်းပရာ ပြိုင်ပွဲ အမျိုးအစား အလိုက် ဆုရရှိ သူများအား တာဝန်ရှိ သူများက ဆုများ ပေးအပ် ချီးမြှင့်ကြပြီး ၂၀၁၃ ခုနှစ် ကာကွယ်ရေး ဦးစီးချုပ် (ရေ) တံခွန်စိုက်ဒိုင်း ဆုရရှိသော ဧရာဝတီ ရေတပ်စခန်း ဌာနချုပ် အသင်းအား ကာကွယ်ရေး ဦးစီးချုပ် (ရေ) ကိုယ်စား ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်မှူး မှ တံခွန်စိုက် ဒိုင်းဆု ပေးအပ် ချီးမြှင့်ပြီး အခမ်းအနား ကို ရုပ်သိမ်း လိုက်ကြောင်း သိရှိရသည်။
 
MWD

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...