Pages

Friday, August 23, 2013

ဒီမိုကရေစီ အိန္ဒိယနိုင်ငံတွင် အမျိုးသမီး ဓာတ်ပုံသတင်းထောက် တစ်ဦး အုပ်စုဖွဲ့ မုဒိန်းကျင့်ခံရ

အိန္ဒိယမှာ အုပ်စုဖွဲ့ 
အဓမ္မပြုကျင့်မှုဆန့်ကျင်ရေး ဆန္ဒပြနေကြသော ကျောင်းသားများ။
 အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့မှာ အမျိုးသမီး ဓာတ်ပုံသတင်းထောက်တစ်ယောက်ကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် ဒီဇင်ဘာလအတွင်းက အမျိုးသမီးငယ်တစ်ယောက်ကို အုပ်စုဖွဲ့ပြီး အဓမ္မပြုကျင့်ခဲ့ပြီး အဲဒီဒဏ်ရာနဲ့ သေဆုံးသွားခဲ့တဲ့ ဖြစ်ရပ်ကို သတိရစေခဲ့ပါတယ်။

ကြာသာပတေးနေ့တုန်းက အုပ်စုဖွဲ့ပြီး အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီး သ တင်းထောက် ဟာ ဆေရုံမှာရှိနေပြီးတော့ အခြေ အနေကောင်းမွန် လာနေပြီလို့ ဆေးဝန်ထမ်းတွေက ပြောပါတယ်။ သူမဟာ လူတွေ မရှိတော့တဲ့ အထည်ချုပ်စက်ရုံကိုသွားပြီးတော့ ဓာတ်ပုံရိုက်ကူးနေချိန်မှာ အမျိုးသား ၅ ယောက်က ဝိုင်းပြီးတော့ အဓမ္မပြုကျင့်တာ ခံခဲ့ရတာလို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

သူမနဲ့အတူ အမျိုးသားသတင်းထောက်တစ်ယောက် ပါသွားပြီးတော့ အဓမ္မပြုကျင့်ချိန်မှာ အဲဒီ အမျိုးသားကို ကြိုးတုပ်ထားတယ်လို့ ပြောပါတယ်။ 
 
From : ..voa

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...