Pages

Saturday, August 10, 2013

ထိုင်းတောင်ပိုင်း မွတ်ဆလင်အဖွဲ့ အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဆိုင်းငံ့

ထိုင်းနိုင်ငံတောင်ပိုင်းရှိ မွတ်ဆလင် ခွဲထွက်ရေးအဖွဲ့သည် ဆယ်စုနှစ်တစ်စုအကြာ ပဋိပက္ခကို အဆုံးသတ်ရန် ရည်ရွယ်သော ထိုင်းအစိုးရနှင့် ဆွေးနွေးပွဲအား ဆိုင်းငံ့လိုက်ကြောင်း၊ ၄င်းတို့၏ တောင်းဆိုချက်ကို ထိုင်းအစိုးရက တုံ့ပြန်ပြောကြားခြင်းမရှိသောကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆိုင်းငံ့လိုက်ရခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက သြဂုတ် ၈ ရက်တွင် ပြောကြားသည်။
ထိုင်းသူပုန်များသည် နှစ်ဦးနှစ်ဖက်ဆွေးနွေးပွဲများပြန်လည် မစတင်မီ ထိုင်းအစိုးရ၏ တုံ့ပြန်မှုကို စောင့်မျှော်နေမည်ဟု ထိုင်းငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးသူများအား ပြောကြားသည်။ ထိုင်းသူပုန်အဖွဲ့သည် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အပြီးအပိုင် ဖျက်သိမ်းလိုက်ခြင်းမဟုတ်ဘဲ ဆိုင်းငံ့လိုက်ခြင်းသာဖြစ်သည်ဟု ထိုင်းဝန်ကြီးချုပ်က ပြောကြားသည်။
ထိုင်းနိုင်ငံတောင်ပိုင်း မွတ်ဆလင်ခွဲထွက်ရေး စစ်သွေးကြွများအဖွဲ့က ပြီးခဲ့သော ဧပြီလတွင် ထိုင်းအာဏာပိုင်များအနေဖြင့် သူပုန်ထမှုဖြင့် ဖမ်းဆီးထားသော အကျဉ်းသားများအား လွှတ်ပေးရန်၊ သံသယရှိသူများကို ထပ်မံဖမ်းဆီးခြင်းမပြုရန်၊ နိုင်ငံတကာအဖွဲ့အစည်းများအား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ လေ့လာခွင့်ပြုရန်နှင့် ၄င်းတို့အဖွဲ့ကို ခွဲထွက်ရေးအဖွဲ့ဟု မသတ်မှတ်ဘဲ လွတ်မြောက်ရေးအဖွဲ့ဟု သတ်မှတ်ရန် တောင်းဆိုခဲ့သည်။
မွတ်ဆလင်အများစု နေထိုင်သော ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဆယ်စုနှစ်နီးပါးကြာ မွတ်ဆလင်ခွဲထွက်ရေး သူပုန်များနှင့် ထိုင်းစစ်တပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လူပေါင်း ၅,၀၀၀ ကျော် သေဆုံးခဲ့သည်။
၁၃၇၅ ခုနှစ်၊ ဝါခေါင်လခန်း ၄ ရက် (စနေ၊ သြဂုတ် ၁၀၊ ၂၀၁၃) ရက်နေ့ထုတ် 7 DAY DAILY သတင်းစာ စာမျက်နှာ (၁၅) မှ ကူးယူဖော်ပြ။
 
From : .. wirathu

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...