Pages

Saturday, August 10, 2013

ရန်ကုန်မြို့၌ တစ်လအတွင်း အရေးယူခဲ့သည့် စည်းကမ်းမဲ့ယာဉ် တစ်သောင်းကျော်အနက် ခရီးသည်တင်ယာဉ်နှင့် အငှားယာဉ် အများဆုံးပါဝင်

8.9.1
သုဝဏ္ဏမြို့နယ် သံသုမာလမ်း တစ်နေရာတွင် ယာဉ်ကြောပြောင်းပြန် မောင်းနှင်နေသော ယာဉ်အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
ရန်ကုန်မြို့၌ တစ်လအတွင်း အရေးယူခဲ့သည့် စည်းကမ်းမဲ့ယာဉ် တစ်သောင်းကျော်အနက် ခရီးသည်တင် ယာဉ်နှင့် အငှားယာဉ်များမှာ အများဆုံး ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)မှ တာဝန်ရှိသူ တစ်ဦးက သြဂုတ် ၉ ရက် နံနက်ပိုင်းက ပြောကြားခဲ့သည်။

စည်းကမ်းမဲ့ မောင်းနှင်မှုကြောင့် အရေးယူခဲ့သည့် ယာဉ်အစီးရေ ၁၁၇၆၇ မှာ ယခု တစ်လအတွင်း အရေးယူခဲ့ခြင်းဖြစ်ပြီး အဆိုပါ ယာဉ်များအနက် အများစုမှာ ခရီးသည်တင် ယာဉ်နှင့် အငှားယာဉ် တက္ကစီများ ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း လစဉ်စည်းကမ်း ဖောက်ဖျက်မှုကြောင့် အရေးယူခဲ့ရသည့် ယာဉ်အများစုမှာ ဖြူနီကြားတွင် ယာဉ်ရပ်ခြင်း၊ မှတ်တိုင်ကျော်ရပ်ခြင်း၊ အပြိုင်အဆိုင် မောင်းနှင်ခြင်း၊ မီးပွင့်အနီဖြတ်ခြင်း၊ မှတ်တိုင် မဟုတ်ဘဲ ခရီးသည် အတင်အချလုပ်ခြင်း၊ တံခါးဖွင့် မောင်းနှင်ခြင်းစသည့် ဖြစ်စဉ်များကို ကျူးလွန်ခဲ့ကြောင်း သိရှိရသည်။


ယာဉ်အများစုမှာ ဖြူနီကြားတွင် ယာဉ်ရပ်ခြင်း၊ မှတ်တိုင်ကျော်ရပ်ခြင်း၊ အပြိုင်အဆိုင် မောင်းနှင်ခြင်း၊ မီးပွင့်အနီဖြတ်ခြင်း၊ မှတ်တိုင် မဟုတ်ဘဲ ခရီးသည် အတင်အချလုပ်ခြင်း၊ တံခါးဖွင့် မောင်းနှင်ခြင်းစသည့် ဖြစ်စဉ်များကို ကျူးလွန်ခဲ့...

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်ထိန်း တပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)မှ ရဲမှူးသာဌေးက ''ယာဉ်ထိန်းရဲတပ်ဖွဲ့ အနေနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်းမှာ စည်းကမ်းမဲ့ မောင်းနှင်နေတဲ့ ယာဉ်စီးရေ ၁၂၀၀၀ နီးပါးကို အရေးယူခဲ့တယ်။ အဲ့ဒီယာဉ် အစီးရေထဲမှာတော့ အများစုက ခရီးသည် တင်ယာဉ်တွေနဲ့ တက္ကစီယာဉ်တွေပဲ ဖြစ်ပါတယ်။ ထပ်ခါထပ်ခါ အရေးယူရတဲ့ ယာဉ်တွေကိုလည်း ဒီထက်ပိုပြီး ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်နိုင်ဖို့ စီစဉ်နေပါတယ်'' ဟု ဇူလိုင် ၂၇ ရက် နံနက်ပိုင်းက ပြောကြားခဲ့ကြောင်း သိရသည်။
စည်းကမ်းဖောက်ဖျက်ပြီး မောင်းနှင်သည့် ယာဉ်များကြောင့် နေ့စဉ် ရန်ကုန်တိုင်း ဒေသကြီးအတွင်း လူသေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ထို့အပြင် ပြီးခဲ့သည့် ဇွန်လအတွင်းက တိုင်းဒေသကြီး/ ပြည်နယ်များအနက် ယာဉ်မတော်တဆ ဖြစ်ပွားနှုန်း အမြင့်ဆုံးမှာ ရန်ကုန်တိုင်း ဒေသကြီးဖြစ်ပြီး ၁၉၂ မှုတွင် ၂၅၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပြီး ၃၂ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်ရုံးမှ သိရသည်။
8.9.1
သြဂုတ် ၈ ရက် မွန်းလွဲပိုင်းက ယုဇနပလာဇာ ဈေးရှေ့တွင် မှတ်တိုင်မဟုတ်ဘဲ လမ်းမပေါ်တွင် ခရီးသည် အတင်အချ ပြုလုပ်နေသည့် လိုင်းကားနှစ်စီးကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော ခရီးသည်တင်ယာဉ် အစီးရေ ၆၀၀၀ ကျော်ရှိပြီး အဆင့်မမီဘဲ ယာဉ်တိုက်မှု မကြာခဏ ဖြစ်ပွားသော ဒိုင်နာယာဉ်၊ ဘီအမ်ယာဉ် စသည်တို့ကို အသုံးပြုနေရသေးသည်။
စီးတီးဘတ်စ်များအား စစ်ကျန်ဘတ်စ်များ၊ ယာဉ်တိုက်မှုများ မကြာခဏ ဖြစ်ပွားသော ဘီအမ်ယာဉ် စသည်တို့ နေရာများတွင် အစားထိုး ပြေးဆွဲမည်ဖြစ်ပြီး အဆိုပါ ယာဉ်များ CNG ရရှိစေရန် အတွက်ကိုလည်း စွမ်းအင်ဝန်ကြီးဌာနနှင့် ညှိနှိုင်းမှုများ ပြုလုပ်ပေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။


From : ..eleven

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...