Pages

Monday, August 26, 2013

ဆံပင်ဒီဇိုင်းအသစ်နဲ့ မိုးယုစံ



ဒါရိုက်တာကျော်ဇောလင်း(အတွေးပုံရိပ်)ရိုက်ကူးနေတဲ့ 'လက်မရှောင်ကြေး' ဇာတ်ကားမှာမိုးယုစံက မိုးအောင်ရင် နဲ့ အတူ ဇာတ်ကားရိုက်ကူးနေပါတယ်။ ဒီဇာတ်ကားထဲမှာ မိုးယုစံက ယောက်ျားလေးတစ်ယောက်လိုဝတ်ပြီး မိုးအောင်ရင် ကို လိုက်ပြိုင်တဲ့ ကောင်မလေးအဖြစ် သရုပ်ဆောင်ထားပါတယ်။

မိုးယုစံက ဒီဇာတ်ကားထဲက ဇာတ်ကောင်အတိုင်း အဝတ်အစားရော ဆံပင်ဒီဇိုင်းကိုပါ အပြောင်းအလဲလေး လုပ်ထားပါတယ်။ "မိုးယုက ဒီဇာတ် ကားထဲမှာ ယောက်ျားလေး ပုံစံမျိုးဝတ်ရတယ်။ ဆံပင်ကအစဒါရိုက်တာ က ဆံပင်တုမတတ်ခိုင်းဘဲ ကတုံးဆံပင်ပေါက်ကိုပဲဘေးက ရှိတ်လိုင်းဖော်ခိုင်းတယ်။ ဒါရိုက်တာခိုင်းတဲ့ အတိုင်းပဲ မိုးယုလည်းလုပ်ဖြစ်သွားတယ်။ ဒီဇာတ်ကားအတွက်ပါ။ ဒါကတော့ မိုးယုက ဆံပင်ပုံစံကို ဇာတ်လမ်းအရ ကာရိုက်တာနဲ့လိုက်အောင်လုပ်ဖြစ်တာပါ။ မိုးယုဘာသာ မိုးယုဆိုရင် လုပ်ဖြစ်မှာမဟုတ်ဘူး။ ဒီလိုမျိုး ဆံပင်ပုံစံလေး နည်းနည်းလုပ်တာကိုတောင် ပရိသတ်တွေရဲ့ အမြင်မှာတစ်မျိုးမြင်မှာကို စိုးရိမ် တယ်။ အဲဒါကြောင့် မိုးယုက သိပ်ပြီးမထွင်ဖြစ်ဘူး။ အဲဒီလိုမလုပ်ဖြစ်တာလည်း တစ်ခါတလေကိုယ်က မလုပ်ရဲလို့ ခေတ် နောက်ကျတယ်လို့ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မိုးယုတို့က တစ်ခုခုဆိုအကုန်လုံးကို ဂရုစိုက်မှလည်း ဆင်ဆာက အစလိုက်ပြီး ကိုယ်ကသတိထားရတာလည်းရှိတော့တော်ရုံ တန်ရုံဆိုရင် ဘာမှသိပ်ပြီး မလုပ်ဖြစ်ဘူး။ ဒီလို ဆံပင်ရှိတ်ထိုးတာကလည်း ပရိသတ်ရဲ့ အမြင်မှာ ဆန်းသွားအောင်လို့ ဒါရိုက်တာကလည်း ကာရိုက်တာအရ လုပ်ခိုင်းလို့ လုပ်ဖြစ်သွားတာပါ" လို့ ပြောပါတယ်။
မိုးယုစံက ပရိသတ်အမြင်မှာ အပြောင်းအလဲလေးဖြစ်အောင် ရည်ရွယ်ပြီး လုပ်တာဖြစ်တဲ့အတွက် ပရိသတ်ရဲ့ အမြင်မှား၊အထင်တော့ မမှားစေချင်ဘူးလို့ပြောပြီး ဘာပဲလုပ်လုပ် အစစအရာရာသတိ ထားပြီးတော့လုပ်ဖြစ်ပါတယ်လို့ ပြောပါတယ်။

Popular Journal

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...