အိန္ဒိယနိုင်ငံ မွန်းဘိုင်းမြို့မှာ ဓာတ်ပုံဆရာမတစ်ဦး
အဓမ္မပြုကျင့်ခံရပြီးနောက် အဓမ္မမှုမှာ ပါဝင်သူလို့ ယူဆ ရသူ
ငါးယောက်မြောက်လူတစ်ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပြီ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ကြာသပတေးနေ့က အသက် ၂၀ ဝန်ကျင်းအရွယ် အမျိုးသမီးတစ်ဦးဟာ
လုပ်ဖော်ကိုင်ဖက် အမျိုးသားတစ်ဦးနဲ့ ဓာတ်ပုံတွေ လိုက်ရိုက်နေတုန်း
လူတစ်စုရဲ့ အဓမ္မပြုကျင့်မှုကို ခံခဲ့ရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ တုန်းကလည်း အသက် ၂၃ နှစ်အရွယ်
တက္ကသိုလ်ကျောင်းသူတစ်ဦးဟာ လူတစ်စုရဲ့ အဓမ္မပြုကျင့်မှုကို ခံရပြီးနောက်
အိန္ဒိယနိုင်ငံ တနံတလျားမှာ ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ခုတစ်ကြိမ်လည်း ဆန္ဒပြမှုတွေ လုပ်ခဲ့ကြပြီး အိန္ဒိယအစိုးရအနေနဲ့
အမျိုးသမီးတွေကို အကာအကွယ်ပေးဖို့ တောင်းဆိုနေကြပါတယ်။
ဓာတ်ပုံရိုက် ဆရာမကို အဓမ္မပြုကျင့်မှုနဲ့ သောကြာနေ့မှာ လူတစ်ယောက်ကို
စတင်ဖမ်းဆီးပြီး စနေနေ့မှာ နောက်လူနှစ်ယောက်ကို ဖမ်းဆီးခဲ့ပြီးနောက်
ခုတစ်ခါ ငါးယောက်မြောက် ပုဂ္ဂိုလ်ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါ တယ်။
အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးက ဓာတ်ပုံဆရာမဖြစ်ဖို့
အလုပ်သင်နေသူဖြစ်ပြီး ခုအခါမှာ ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။
မဂ္ဂဇင်းတစ်ခုအတွက် စွန့်ပစ်ခံထားရတဲ့ စက်ရုံတစ်ခုကို ဓာတ်ပုံရိုက်
နေတုန်း အဓမ္မပြု ကျင့်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဓာတ်ပုံရိုက်နေတဲ့ အမျိုးသမီးနဲ့ အဖော်ဖြစ်သူကို လူငါးယောက်က
ဝိုင်းလာပြီး အဖော်ယောင်္ကျားလေးကို ကြိုးချီထားပြီး အမျိုးသမီးကိုတော့
အဓမ္မပြုကျင့်လိုက်တာ ဖြစ်ပါတယ်။
ABC

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...