ရှစ်ဆယ့်ရှစ် အရေးအခင်း (ခါ်)
ရှစ်လေးလုံး အရေးတော်ပုံကြီး၏ အစသည် RIT ကျောင်းသားများ နှင့် အရပ်သားများ
လက်ဖက်ရည်ဆိုင်တွင် ရန်ဖြစ်ရာမှ စတင်ခဲ့သည်။ ၁၉၈၈ မတ်လ ၁၂ ရက်တွင်
ရန်ကုန်မြို့ အင်းစိန် ကြို့ကုန်းရက်ကွက်တွင်းရှိ "စန္ဒာဝင်း"
လက်ဘက်ရည်ဆိုင်တွင် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားများ နှင့် အရပ်သားများ
ခိုက်ရန်ဖြစ်ပွားခဲ့သည်။ လက်ဘက်ရည်ဆိုင်တွင် ပြည်သူအများ အေးချမ်းစွာ
သုံးဆောင်နေကြစဉ် အသံစွာစွာနှင့် ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်းသားများက
ဝင်ရောက်လာပြီးနောက် တစ်ဆိုင်လုံးတွင် ၎င်းတို့၏အသံများဖြင့် ညံစေခဲ့သည်။
ထိုမျှ အားမရေသေး လူမှုရေးနားမလည်သည့် အဆိုပါကျောင်းသားများသည် ယူဆောင်လာသော
သီချင်းခွေကို ဆိုင်ရှင်အားပေး၍ ဖွင့်ခိုင်းပြန်ခဲ့သည်။
သည်းမခံနိုင်တော့သည့် အရပ်သားများက သီချင်းပိတ်ခိုင်းရာ ကျောင်းသားအုပ်စုက
အရပ်သားများကို ကိုယ်ထိလက်ရောက် ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြသည်။
လက်ဘက်ရည်ဆိုင်တွင် ဖြစ်ခဲ့သည့်
ရန်ပွဲကို အားမရသေးသည့် ကျောင်းသားများသည် နောက်တနေ့တွင် စုရုံးကာ ဆန္ဒပြ
အကြမ်းဖက် သဖြင့် လုံထိန်းများက မဖြစ်မနေ ပစ်ခက်နှိမ်နှင်းရသည်အထိ
ဖြစ်ခဲ့သည်။ ထိုအချိန်ထိ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားများသည်
အရပ်သားများအပေါ် မကျေနပ်မှုများ၊ တာဝန်အရ နိမ်နှင်းသည့် လုံထိမ်းများအပေါ်
မကျေနပ်မှုများသာ ရှိနေပြီး ဒီမိုကရေစီအရေး၊ နိုင်ငံရေး၊ ဟူသည့် အသိ
၎င်းတို့တွင် မရှိကြသေးပေ။
မတ်လ ၁၄ ရက်နေ့တွင်
ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းအား အစိုးရမှ ပိတ်ခဲ့သဖြင့် အလုပ်လက်မဲ့ ၁၀၉
၁၁၀ ဖြစ်သွားသော ကျောင်းသားများက လမ်းပေါ်ထွက်ကာ
လျှောက်သွားအော်ဟစ်ခဲ့ကြပြီးနောက် ရှစ်လေးလုံး ဒီမိုကရေစီ လှုပ်ရှားမှု
ဆိုပြီးဖြစ်လာခဲ့သည်။ အခြားကျောင်းများမှ ကျောင်းသားများကို
လိုက်လံစည်းရုံးခဲ့သော်လည်း အများအပြားက လက်မခံခဲ့ကြပေ။
ရှစ်လေးလုံး လှုပ်ရှားမှုသည် ကျောင်းသား နဲ့ အရပ်သား ရန်ဖြစ်ရာမှ
ဦးတည်ချက်မရှိ စတင်ခဲ့သည့် အရေးအခင်းသာဖြစ်သည်။
ကျောင်းသားများ
ဆိုးသွမ်းသောင်းကျန်းမှုကြောင့် လုံခြုံရေးယူထားရသည့် အရပ်သားများ
.. www.MyanmarExpress.net


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...



No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...