မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကလိုင်းနှိုင်း ကျေးရွာတွင် DKBA
တပ်ဖွဲ့ဝင်နှစ်ဦး ခေါ်ဆောင်ရာ လိုက်ပါခြင်းမရှိ၍ သေနတ်ဖြင့်
ပစ်ခတ်ခြင်းကြောင့် လယ်သမားတစ်ဦး ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့ ကြောင်း
အဆိုပါမြို့နယ် ရဲစခန်းမှ စခန်းမှူး ဒုရဲအုပ်မြင့်ဦးက ပြောကြားသည်။
အဆိုပါ သေနတ်ပစ်ခံရသည့် လယ်သမား ဦးကုလားလေး (ခေါ်) အာစိုးနိုးလားကို ရန်ကုန်ဆေးရုံကြီး
အရေးပေါ်ဌာနသို့ ပို့ဆောင်ထားရကြောင်း အဆိုပါ ရဲစခန်းထံမှသိရှိရသည်။
သေနတ်ဖြင့် ပစ်ခတ်ခဲ့သူ DKBA တပ်သားနှစ်ဦးမှာ ဦးမျိုးလင်းနှင့်
ဦးဝင်းကျော်တို့ ဖြစ်ကြောင်း ကျိုက်မရောမြို့နယ် ရဲစခန်းက ဆိုသည်။
သေနတ်ပစ်ခံရသူ လယ်သမား ဦးကုလားလေး အပါအဝင် ကျိုက်မရောမြို့ခံ
ဦးမောင်စိုး၊ ဦးဆန်းဦးတို့ သုံးဦးသည် သြဂုတ် လ ၁၅ ရက်နေ့တွင် ၎င်းတို့
ပျိုးထောင်ထားသည့် စပါးပင်များကို ကလိုင်းနှိုင်းကျေးရွာ ကတုံးကြပ်ကွင်းတွင်
သွားယူစဉ် DKBA တပ်သားနှစ်ဦးက လာရောက် ခေါ်ယူခြင်းဖြစ်ပြီး လယ်သမားများက
မလိုက်ပါသဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ဦးမောင်စိုးက ရှင်းပြသည်။
“မောင်စိုးကို ပထမခေါ်တယ်။ မောင်စိုးက မလိုက်ဘူးပြောတော့ ထိုးတာကို
ဦးကုလားက ဝင်ဆွဲတော့ ပစ်သွားတာပဲ” ဟု မျက်မြင်သက်သေ တစ်ဦးဖြစ်သည့်
ဦးဆန်းဦးက ဆိုသည်။
အဆိုပါ DKBA တပ်သား ဦးမျိုးလင်းနှင့်
ဦးဝင်းကျော်တို့ကို ကျိုက်မရော မြို့နယ်ရဲစခန်းက လက်နက်ဖြင့် လူသေစေမှု
ပုဒ်မ ၃၀၇ ဖြင့် အမှုဖွင့်ထားကြောင်း အဆိုပါ မြို့နယ်ရဲစခန်းထံမှ သိရှိရသည်။
From :
.. Daw Na Myay
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...