
နောက် ရပ်ကွက်တွေထဲမှာရှိတဲ့ ဆိုင်တွေအထိ လွယ်လွယ်ကူကူ ၀ယ်ယူအသုံးပြု နိုင်အောင် ရောင်းချ ပေးသွားမှာပါ။ ဖုန်းခေါ်ဆိုခကိုလည်း အနည်းဆုံး ဖြစ်အောင် စီစဉ်ထားပါတယ်။
ကျပ် ၃၅ နဲ့ ၄၀ ကြားဆိုတာက ယာယီတွက်ချက် ထားတာပါ။ နောက်ပိုင်း အတည်ပြု ကြေညာတဲ့ အခါမှာ မြန်မာပြည်သူတွေ အားလုံး စိတ်လှုပ်ရှားစေမယ့် ဈေးနှုန်းမျိုးနဲ့ ရောင်းချ ပေးသွားမှာပါ'' ဟု သြဂုတ် ၁၆ ရက်က ပြုလုပ်ခဲ့သည် သတင်းစာ ရှင်းလင်းပွဲ၌ Ooredoo ဆက်သွယ်ရေး ကုမ္ပဏီမှ အကြီးတန်း ကိုယ်စားလှယ်အရာရှိ Mr. Ross Cormack ပြောကြားသည်။
ထို့ပြင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးများတွင် ပထမဆုံး အနေဖြင့် Station ပေါင်း တစ်သောင်းကျော် ဆောက်လုပ်၍ ဆက်သွယ်ရေး ၀န်ဆောင်မှု ၃၅ ရာခိုင်နှုန်းကို ပြုလုပ်သွား မည်ဖြစ်ပြီး နောက်ပိုင်း ကျေးလက်ဒေသများ အထိပါ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သော်လည်း အလွန်ဝေးလံ ခေါင်ပါးသည့် ဒေသများကိုမူ ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်နိုင်မည် မဟုတ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
မြန်မာနိုင်ငံတွင် Ooredoo ဆက်သွယ်ရေး ကုမ္ပဏီအနေဖြင့် မိုဘိုင်းဖုန်း ၀န်ဆောင်မှု ၉၇ ရာခိုင်နှုန်းအထိ ပြုလုပ်သွားမည်ဖြစ်ပြီး လာမည့်ငါးနှစ် အတွင်း၌ ၉၉ ရာခိုင်နှုန်းအထိ မြန်မာနိုင်ငံသားများကို အလုပ်အကိုင်များ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
From,,,KNT
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...