ထိုင်းအဲဝေး လေကြောင်းလိုင်းမှ လေယာဉ် တစ်စင်းသည် စက်တင်ဘာ ၈ ရက် ည ၁၁ နာရီ
၂၀ မိနစ်ခန့် က ဘန်ကောက်မြို့ သုဝဏ္ဏဘူမိ လေဆိပ်သို့ ဆင်းသက်စဉ် ဂီယာ
ချို့ယွင်းမှုကြောင့် ပြေးလမ်းချော်ခဲ့ပြီး ၁၄ ဦး ဒဏ်ရာရခဲ့ကြောင်း
ယင်းလေကြောင်းလိုင်းက စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ပြေးလမ်းချော်ခဲ့သည့် Airbus 330-300 လေယာဉ်ပေါ်တွင် ခရီးသည် ၂၈၈ ဦးနှင့်
လေယာဉ်အမှုထမ်း ၁၄ ဦး ပါရှိလာခဲ့ပြီး တရုတ်နိုင်ငံတောင်ပိုင်း၊
ကွမ်ကျိုးမြို့မှ ဒေသစံတော်ချိန် ည ၉ နာရီ ၂၅ မိနစ်တွင် စတင်
ထွက်ခွာလာခြင်း ဖြစ်ကြောင်း သိရသည်။
''လေယာဉ်အင်ဂျင် နားမှာရှိတဲ့ ညာဘက်အခြမ်းက မြေပြင်ဆင်း ဂီယာအုံနား
မီးပွားတွေ ထွက်ခဲ့ပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းနေဆဲဖြစ်ပါတယ်'' ဟု
လေကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
ပြေးလမ်းချော်သွားသည့် လေယာဉ်အား ရပ်တန့်သွားသည်အထိလေယာဉ်မှူးက
ထိန်းချုပ်နိုင်ခဲ့ပြီး ခရီး သည်များကို အရေးပေါ် ထွက်ပေါက်မှ
ထွက်ခွာစေခဲ့ကြောင်း သိရသည်။
ယခုဖြစ်စဉ်ကြောင့် လူ ၁၄ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ထိုင်းအဲဝေးဥက္ကဋ္ဌ
ဆိုရာဂျက် ကာဆမ်အူဘန်က ထိုင်းနိုင်ငံ ရုပ်သံဌာနများသို့ ပြောကြားခဲ့သည်။
၎င်းတို့အားလုံးကို ဆေးရုံပို့ခဲ့ပြီး အများစုမှာ ဒဏ်ရာပြင်း
ထန်မှုမရှိသောကြောင့် ဆေးရုံမှပြန်ဆင်း သွားကြကြောင်း သိရသည်။ လမ်းကြောင်း
ချော်သွားသည့် လေယာဉ်ကို ဖယ်ရှားရန်အတွက် ၂၄ နာရီခန့် ကြာမြင့်ဦးမည်
ဖြစ်ကြောင်း လေကြောင်းလိုင်းက ကြေညာ ထားသည်။
အဆိုပါ လေယာဉ်ကို အဲဘတ်စ် ကုမ္ပဏီက ထိုင်းအဲဝေး လေကြောင်းလိုင်းသို့ ၁၉၉၅
ခုနှစ်၊ မတ်လတွင် ပေးပို့ခဲ့ကြောင်း သိရသည်။ လွန်ခဲ့သည့် သီတင်းပတ်
အတွင်းကလည်း ထိုင်းအဲဝေး လေကြောင်းလိုင်း၏ ဘန်ကောက်မှ ဟောင်ကောင်သို့
ပျံသန်းလာသော A380 စူပါဂျမ်ဘိုလေယာဉ်တစ်စင်းသည် လေ၀ဲဂယက် မိကာ
လှုပ်ရမ်းခါသွားမှုကြောင့် ခရီးသည်အချို့နှင့် လေယာဉ် အမှုထမ်းများ
ဒဏ်ရာရခဲ့ကြောင်း သိရသည်။
Ref:AFP
eleven media group

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...