Pages

Monday, September 9, 2013

ဒုဋ္ဌ၀တီ မြစ်ရေ မြင့်တက်လာမှုကြောင့် ကမ်းပါး တစ်လျှောက် နေအိမ် အချို့ရေနစ်မြုပ်

သီပေါ၊ စက်တင်ဘာ ၈။
ဒုဋ္ဌ၀တီမြစ်ရေ မြင့်တက်လာမှုကြောင့် သီပေါမြို့ ကမ်းပါးတစ်လျှောက် နေအိမ်အချို့ ရေနစ်မြုပ်မှု ဖြစ်ပွား
ခဲ့သောကြောင့် ကမ်းပါးနံဘေး နေထိုင်သူများ မိမိတို့နှင့် နီးစပ်သည့် ဆွေမျိုးများအိမ်သို့ ရွှေ့ပြောင်းနေ
ထိုင်ခဲ့ရကြောင်း ၎င်းတို့က ပြောကြသည်။

“ရေတက်လာလို့ အိမ်အချို့ကိုယ့် အစီအစဉ်နဲ့ကိုယ် ဖျက်ထားကြရတယ်။ လောလောဆယ်တော့ နီးစပ်
ရာအသိအိမ်၊ ဆွေမျိုးသားချင်း အိမ်တွေမှာပဲ နေနေကြရတယ်။ စားတော့လည်း ကိုယ့်အသိ အိမ်မှာပဲ
ပေါင်းစားကြပေါ့”ဟု မြစ်ကမ်းပါးဘေးတွင် နေထိုင်သော မုံရွာမြို့မှ လာရောက်ဈေးရောင်းသည့် ဈေး
သည်တစ်ဦးက ပြောသည်။

လက်ရှိတွင် မြစ်ရေမှာ အနည်းငယ်ပြန်လည်ကျဆင်းစ ပြုနေပြီဖြစ်ကြောင်း ဒေသခံအချို့က ပြောကြ
သည်။ ရေနစ်မြုပ်သည့် ကမ်းပါးဘေး ရပ်ကွက်မှာ သီပေါမြို့ အတွင်းရှိ ဈေးရပ်ကွက်တွင် အဓိကဖြစ်
ကြောင်း ဆုံးရှုံးမှု မရှိသေးကြောင်း သိရှိရသည်။

“ရေက (၈) ရက်နေ့ည (၁)နာရီကနေ စတက်လာတာ မနက်ကျတော့ ပိုဆိုးလာတယ်။ ပစ္စည်းတွေ ကိုယ့်
အစီအစဉ်နဲ့ကိုယ် ရွှေ့ပြီးတော့ ထားလိုက်ရတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ မီးသတ်တွေကတော့ သ
တိပေးတာမျိုးတွေ လုပ်နေပါတယ်”ဟု သီပေါဒေသခံတစ်ဦးမှ ပြောသည်။

ဒုဋ္ဌ၀တီမြစ်ရေ မြင့်တက်လာရခြင်းမှာ သီပေါအထက်ပိုင်း မြို့များဖြစ်သည့် လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ နမ္မ
တူမြို့များတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းခြင်းကြောင့် ဖြစ်ကြောင်း နှစ်စဉ်
ယခုကဲ့သို့ ရေတက်သော်လည်း ယခုလောက်ထိ ဆိုးရွားမှု မရှိဘဲ ယခုအကြိမ်မှာ တတိယအကြိမ် ရေမြင့်
တက် လာခြင်းဖြစ်ကာ အနည်းငယ် ဆိုးရွားမှု ရှိလာကြောင်း သီပေါဒေသခံတစ်ဦးက ပြောသည်။

ရေပိုမိုတက်လာပါက အဆင်သင့် ရွှေ့ပြောင်းနိုင်ရန် စက်လှေများ၊ မီးသတ်တပ်ဖွဲ့များအား အသင့်အနေအ
ထားဖြင့် စီစဉ်ပေးထားပြီ အလှည့်ကျ ကင်းချထားပါကြောင်း ဈေးရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောသည်။

သီပေါမြို့ ဒုဋ္ဌ၀တီမြစ်ရေ၏ စိုးရိမ်ရေအမှတ်မှာ (၆၀၀) သတ်မှတ်ထားပြီး လက်ရှိတွင် မြစ်ရေ၏ ရေအ
မှတ်မှာ (၄၀၀)တွင် ရောက်ရှိနေပြီဖြစ်ကြောင်း မိုးဆက်တိုက် ထပ်မံရွာသွန်းပါက စိုးရိမ်ရေအမှတ်သို့
ရောက်ရှိလာနိုင်ကြောင်း တာဝန်ရှိသူအချို့ထံမှ သိရသည်။

စိုင်းကံသာ (လားရှိုး)

The Myanma Age by မြန်မာ့ခေတ်

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...