
အဆုတ်ကင်ဆာသည်
မြန်မာနိုင်ငံရှိ အမျိုးသားများ၌ အဖြစ်အများဆုံး ကင်ဆာဖြစ်ပြီး
အမျိုးသမီးများတွင် သားအိမ်ခေါင်းကင်ဆာ၊ ရင်သားကင်ဆာ ပြီးပါက တတိယ
အများဆုံး ကင်ဆာဖြစ်နြေေ ကာင်းနှင့် ဆေး လိပ်သောက်သုံး သူသည်
ဆေးလိပ်မသောက်သော သူထက် ၁၅ ဆ မှ ၂၅ ဆအထိ ပို၍ အဆုတ် ကင်ဆာ ဖြစ်ရန် အလားအလာ
ရှိကြောင်း သိရသည်။
ဆေးလိပ်သောက်သုံးခြင်းသည် အဆုတ်ကင်ဆာ
ဖြစ်စေသော အဓိက အကြောင်းရင်း တစ်ခုဖြ စ်ပြီး ဆေးလိပ်သောက်သည့် အလေ့အကျင့်
ကြာရှည်ခြင်း၊ ဆေးလိပ် သောက်သည့် အရေအတွက် များပြားခြင်း၊ သောက်သုံးသည့်
ဆေးလိပ်တွင် ကတ္တရာနှင့် နီကိုတင်း များခြင်းများကြောင့် ကင်ဆာရော ဂါ
ဖြစ်ပွားခြင်း ဖြစ်သည်။
လက်ရှိ မြန်မာကျောင်းသား ကျောင်းသူအရွယ်
လူငယ်များအကြား ဆေးလိပ်သောက်သုံးမှုနှုန်း မြင့် တက်နေကြောင်း၊ ကျောင်းသား
ကျောင်းသူများ၏ စီးကရက် သောက်သုံးနှုန်းမှာ ၂၀၀၁ ခုနှစ်တွင် ပြုလုပ်ခဲ့သည့်
Global Youth Tabacco Survey တွင် ဖော်ပြချက်အရ ၁၀ ဒသမ ၂
ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၀၇ ခုနှစ်တွင် ၄ ဒသမ ၉ ရာခိုင် နှုန်းသို့
ကျဆင်းသွားခဲ့သည်။ သို့သော် လွန်ခဲ့သည့် ၂၀၁၁ ခုနှစ်တွင် ပြန်လည်
ကောက်ခံခဲ့ရာတွင် ၆ ဒသမ ၈ ရာခိုင်နှုန်း သို့ ပြန်လည် မြင့်တက်လျက်
ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့်
အခြားဆေးရွက်ကြီးထွက် ပစ္စည်းများကို တိုက်ရိုက်သုံးစွဲမှု မရှိသော်လည်း
တစ်ဆင့်ခံရှူရှိုက် မိခြင်းကြောင့် အသက်သေဆုံး ရသူများအနက် ၇၅
ရာခိုင်နှုန်းမှာ အမျိုးသမီးနှင့် ကလေးငယ်များ ဖြစ်နေကြောင်း ဆေးလိပ်နှင့်
ဆေးရွက်ကြီးထွက် ပစ္စည်းများဆိုင်ရာ သတင်းအချက် အလက်များအရ သိရသည်။
မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ဆေးလိပ်နှင့်
အခြားဆေးရွက်ကြီးထွက် ပစ္စည်းများကြောင့် တစ်နှစ်လျှင် လူဦးရေ
ခြောက်သန်းခန့် သေဆုံးလျက် ရှိကြောင်းနှင့် မြန်မာနိုင်ငံ တွင် ဆေးလိပ်နှင့်
အခြားဆေးရွက်ကြီးထွက် ပစ္စည်းများကြောင့် အမျိုးသားဦးရေ ၁၀၀ လျှင် ၁၉
ဦးနှုန်း၊ အမျိုးသမီး ဦးရေ ၁၀၀ လျှင် ၁၈ ဦးမှာ သေဆုံးလျက်ရှိကြောင်း
သိရသည်။ ဆေးလိပ်ငွေ့အတွင်း ဓာတုပစ္စည်းပေါင်း ၇၀၀၀ ကျော်ပါဝင်ပြီး
ယင်းတို့အနက်မှ ရာပေါင်းများစွာသည် အဆိပ်အတောက် ဖြစ်စေနိုင်သော အရာများ
ဖြစ်ပြီး ၆၉ မျိုးမှာ ကင်ဆာ ဖြစ်စေနိုင်ကြောင်း သိရသည်။
EMG
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...