Pages

Tuesday, September 24, 2013

သစ်စက်လှေနှင့် ဆိုင်ကယ်ကယ်ရီများကြောင့် KIO အဖွဲ့ ၀င်ငွေ အမြောက်အများရရှိနေ

ကချင်ပြည်နယ် မန်စီမြိုနယ် မံရွတ်ကျေးရွာနှင့် ဟန်ထက် ကျေးရွာဝန်းကျင်တစ်ဝိုက်မှ ထွက်ရှိသော ကျွန်း၊ တမလန်းသစ်ခွဲသား များအား စက်တင်ဘာ ၂၃ ရက်နေ့အထိ စက်လှေ၊ ဆိုင်ကယ်များဖြင့် သယ်ဆောင်လျက် ရှိရာ အခွန်ငွေများကောက်ခံခြင်းဖြင့် KIO အဖွဲ့ ၀င်ငွေအမြောက်အများး ရရှိနေကြောင်း ယင်းဒေသခံများထံမှ သတင်းရရှိသည်။

``ဒီမံရွတ်နဲ့ ဟန်ထက်ကျေးရွာ တစ်ဝိုက်မှာ ကျွန်းနဲ့ တမလန်းသစ်တွေ ခုတ်ထားတာရှိပါတယ်။ စက်လှေတွေ နဲ့ နန့်ကျရီချောင်းအတိုင်း သယ်နေကြတာပဲ၊ တစ်ပတ်ကို အနည်းဆုံး လေးငါးခေါက်တော့ သယ်ကြတယ်´´ ဟု မံရွတ်ရွာသားတစ်ဦးက ပြောပြပါသည်။

၎င်းသစ်စက်လှေများသည် မိုးမောက်မြို့နယ် မံပုံကျေးရွာ လယ်ကွင်းအစပ်တွင် ညအချိန်ဝင်ရောက်၍ သစ်များ ကို စုပုံပေးရကြောင်း၊ ၎င်းလယ်ကွင်းမှတစ်ဆင့် ဆိုင်ကယ်ကယ်ရီများနှင့် တစ်နိုင်သယ်ကာ နမ့်ဆိုင်းဖွံ့ဖြိုးရေးရုံး သို့ ပို့ဆောင်ပေးကြရကြောင်း
သိရသည်။

``ဆိုင်ကယ် ၁ စီးမှာ ၅ လက်မပတ်လည် အရှည် ၃ ပေနဲ့ ၄ ပေကြား သစ်ချောင်း ၁၅ ချောင်းလောက် တင်ကြတယ်၊ သယ်တဲ့နေ့တွေမှာဆိုရင် ဆိုင်ကယ်အစီး ၂၀ ကနေ ၃၀ လောက်ထိရှိတယ်´´ ဟု မံပုံရွာ သားတစ်ဦး က ပြောပြခဲ့သည်။


နမ့်ဆိုင်းဖွံ့ဖြိုးရေးရုံးသို့
စက်လှေ ၁ စီးလျှင် ၁၀၀၀၀ ကျပ်၊ ဆိုင်ကယ် ၁ စီးလျှင် ၅၀၀၀ ကျပ်ပေးဆောင်ရပြီး အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများမှ လာရောက်မဖမ်းဆီးနိုင်ရန် ယင်းရုံးရှိ KIO အဖွဲ့များက အရပ်ဝတ်များဖြင့် လုံခြုံရေးလိုက်ပါဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ သစ်သယ်ယူနေမှုများနှင့်ပတ်
သက်၍ မိုးမောက်မြို့ခံသစ်တောဝန်ထမ်းတစ်ဦးကတော့ ``ကိုယ့်ဒေသမှာ ထွက်တဲ့သစ် ကိုယ်ရောင်းစားမယ်ဆိုပြီး ဒေသခံတွေက စက်လှေတွေ၊ ဆိုင်ကယ်တွေနဲ့ သယ်နေကြတယ်၊ ပြီးတော့ KIO ကို အခွန်ပေးရတယ်။ နယ်မြေမအေးချမ်းတဲ့ ဒေသမို့လို့ တရားဝင်တာ မ၀င်တာတွေ မပြောလို ပါဘူး။ ဒါပေမယ့် အခုလိုသာ ဆက်တိုက်သစ်တွေ ခုတ်ပြီး ရောင်းစားနေ ရင်တော့ နောင်ဆယ်စုနှစ်တစ်ခုမတိုင် ခင် ဒီဒေသမှာ သစ်တောတွေ ပြုန်းသွားလိမ့်မယ်၊ အခုလောလောဆယ်မှာတော့ KIO က ၀င်ငွေ အမြောက် အများ ရနေတာပေါ့ဗျာ´´ ဟု ပြောပြသွားသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) သည် အဆိုပါ ကျွန်း၊ တမလန်းသစ်မျာအား နမ့်ဆိုင်းဖွံ့ဖြိုးရေး ရုံးမှတစ
်ဆင့် ၀ဘော်လမ်းကြောင်းအတိုင်း အင်ဘာပါသို့ သယ်ဆောင်ပြီး တစ်ဖက်တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိ ကြောင်း၊ ၎င်းသစ်မှောင်ခိုလုပ်ငန်းများမှ ၀င်ငွေအမြောက်အများ ရရှိနေကြောင်း သိရှိရပါသည်။

ခွန်နော်
KDN

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...