Pages

Wednesday, September 25, 2013

ဒီမိုကရေစီခြေလှမ်းတွေကို ပျက်အောင်မလုပ်စေချင်ပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်း စုကြည်တစ်ယောက် စင်ကာပူနိုင်ငံမှာရောက်ရှိစဉ်မှာ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပြင်ဆင်မပေးဘူးဆိုရင် ပြဿနာတွေပိုများလာနိုင်တယ်လို့ ပြောလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကတော့၂၀၁၅ခုနှစ်မှာ သမ္မတဖြစ်ချင်နေသူဆိုတော့ ဒီဥပဒေကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ပြင်ပေးဖို့ လိုအပ်နေပါတယ်။ ဒါမှလဲ သူ သမ္မတဖြစ်လာမှာပါ။ ဒီဥပဒေကိုမပြင်နိုင်သရွှေ့တော့ သမ္မတ မျှော်မှန်းချက်နဲ့ အလှမ်းဝေးနေမှာပါ။တကယ်တော့ ဒီဥပဒေဟာ စစ်အစိုးရကဦးဆောင်ရေးဆွဲခဲ့တယ်ဆိုတဲ့အမြင်နဲ့ ပြောဆိုဝေဖန်နေတာ ဖြစ်ပါတယ်။ဒီလောက်ကြီး ဆိုးဆိုးရွားရွားရုပ်ပျက်ဆင်းပျက် သုံးစားမရအောင်ဖြစ်နေတာမျိုး မရှိပါဘူးလို့ လွှတ်တော် ကိုယ်စားလှယ်တော်ကြီးတစ်ဦးက ထောက်ပြပြောဆိုခဲ့ပါတယ်။
တစ်ချို့အဖွဲ့အစည်းတွေက ပြင်ဆင်ရုံသာမကတော့ဘဲ အသစ်ပြန်လည်ရေးဆွဲဖို့အထိ လုပ်ဆောင်နေကြတာ တွေလည်း တွေ့နေရပါတယ်။လမ်းကြောင်းကြီးဖောက်ထားတာတွေ့ပါလျက်နဲ့ ဒီလမ်းကမသွားဘဲ နောက်လမ်းကြောင်း အသစ်ကသွားမယ်လို့ပြောတဲ့သူတွေဟာ တကယ်တော့ လူ့ခွစာတွေလို့ပဲပြောရတော့မှာပေါ့။ တည်ငြိမ်နေတဲ့အခြေအနေ တွေကို ရှုပ်ထွေးအောင်လုပ်ဖို့ ကြိုးစားသလိုဖြစ်နေပါတယ်။ ၂၀၀၈မှာပါတဲ့အတိုင်းပြည့်ပြည့်၀၀ အကောင်အထည်ဖော် ကျင့်သုံးပြီးကြပြီလား။ လွှတ်တော်သက်တမ်းတစ်ခုလောက် ကုန်ဆုံးအောင်လုပ်ဆောင်ပြီးကြပြီလား။ တိုင်းပြည်           တိုးတက်ဖို့အတွက် ၂၀၀၈ဖွဲ့စည်းပုံဟာ ဆူးညှောင့်ခလုပ်ဖြစ်နေလို့လား။ တကယ်တန်းသေသေချာချာလေ့လာစဉ်းစား ကြည့်ကြစေချင်ပါတယ်။
တစ်ယောက်သောသူက ၂၀၁၅ ခုနှစ်မှာသမ္မတ ဖြစ်ချင်လွန်းလို့ ဒီဖွဲ့စည်းပုံကိုပြင်ရမယ်။ မပြင်ရင်ပြဿနာတွေ ပိုများလာနိုင်တယ်လို့ပြောပါတယ်။ လက်နက်ကိုင်အဖွဲ့တွေကလည်း ဖွဲ့စည်းပုံကိုအသစ်ရေးဆွဲရမယ်ပြောပါတယ်။သူတို့ ရဲ့ အဓိကရည်မှန်းချက်က ဒီလက်နက်တွေကို အစိုးရတပ်တွေနဲ့ တိုက်ခိုက်မှုမရှိဘဲ ဆက်လက်ကိုင်ထားဖို့အတွက်အသစ် ရေးဆွဲမယ်ပြောပါတယ်။ ဒါတွေဟာ ပြည်သူလူထုတစ်ရပ်လုံးရဲ့ကောင်းကျိုးအတွက်လား၊ မိမိတစ်ဦးတစ်ယောက်၊တစ်ဖွဲ့ ကောင်းစားရေးအတွက်လားဆိုတာဖြေကြည့်စေချင်ပါတယ်။လူတိုင်းလူတိုင်းဟာမိမိကိုယ်ကျိုးစီးပွားအတွက်အလုပ်လုပ် နေကြတာပါပဲ။တစ်ခါတစ်ရံမှာ မိမိစိတ်သဘောထားနဲ့ မတိုက်ဆိုင်ပေမဲ့ အများအတွက်ကို ရှေးရှုပြီးစဉ်းစားရပါမယ်။
တကယ်တော့ တပ်မတော်က နောက်ကြောင်းပြန်မှာ မဟုတ်ပေမယ့် အခုလက်ရှိပြောနေတဲ့သူတွေဟာ နောက်ကြောင်းပြန်ချင်သူတွေဖြစ်နေပါတယ်။ ရှမ်းပြည်နယ်မှာရှိတဲ့ ရှမ်းလူမျိုးတွေက ဒီလိုလုပ်ချင်ပေမယ့် ၀ လူမျိုးတွေ လက်ခံပါ့မလား။ အလားတူပါပဲ ကရင်ပြည်နယ်မှာ ကရင်တွေရဲ့ သဘောဆန္ဒကို ကျန်တဲ့ပအိုဝ်း၊ရှမ်း၊မွန်စတဲ့သူတွေက လက်ခံနိုင်ပါ့မလား။ ညီညွတ်မှုရှိဖို့ဆိုတာတကယ်တော့မလွယ်လှပါဘူး။ အနာဂတ်မှာလုပ်ချင်နေတာထက် လက်ရှိပစ္စုပ္ပန် မှာ အကောင်းဆုံးဖြစ်အောင်လုပ်သင့်ပါတယ်။ ဒီမိုကရေစီကနုနု အတိုက်အခိုက်တွေက များများဆိုရင် ကျွန်တော်တို့နိုင်ငံ ဘယ်တော့မှ တိုးတက်ပါ့မလဲ။
၂၀၀၈ခုနှစ်၊ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကိုပြင်ဆင်လိုက်လို့ ဒါမှမဟုတ်အသစ်ပြန်လည်ရေးဆွဲလိုက်လို့ မြန်မာပြည် ကြီးနေ့ချင်းညချင်း ကြီးပွားချမ်းသာသွားမှာလား။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရတပ်တွေ တိုက်ပွဲတွေ လုံးဝလုံးဝမဖြစ်တော့ဘဲအေးအေးချမ်းချမ်းဖြစ်နေမှာလား။ ဒါဆိုရင်၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို ကြိုက်သလို လုပ်လိုက်ကြပါ။ ထောက်ခံပါတယ်။ မရေရာမသေချာတဲ့ အနာဂတ်အတွက်နဲ့တော့ လက်ရှိလှုပ်ရှားသွားလာနေတဲ့ ဒီမို ကရေစီခြေလှမ်းတွေကို ပျက်အောင်မလုပ်စေချင်ပါဘူး။ အဲလိုလုပ်ဖို့ကြိုးစားနေကြတာဟာ ဒီမိုကရေစီကို နောက်ပြန်သွား ဖို့ ကြိုးစားနေတာပဲဖြစ်တယ်လို့ သုံးသပ်တင်ပြလိုက်ပါတယ်။   


.. www.MyanmarExpress.net

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...