Pages

Wednesday, September 25, 2013

NLD ပါတီလောက် လုပ်ကိုင်နိုင်စွမ်းရှိတဲ့ ပါတီမျိုး မြန်မာနိုင်ငံမှာ ရှိတယ်ဆိုရင် ကျွန်မကို ပြပါလို့ ကျွန်မစိန်ခေါ်ရဲပါတယ်.. #%!#$!@ ~ ဒေါ်အောင်ဆန်းစုကြည်

NLD ပါတီလောက် လုပ်နိုင်ကိုင်နိုင်စွမ်းရှိသည့် ပါတီမျိုး မြန်မာနိုင်ငံတွင်ရှိလျှင် ပြရန် ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီအပေါ် ဝေဖန်မှုများနှင့် ပတ်သက်ပြီး စင်ကာပူနိုင်ငံတွင် ပြီးခဲ့သည့် တနင်္လာနေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တုံ့ပြန်ပြောဆိုခဲ့သည်။

လာမည့်စက်တင်ဘာ ၂၇ ရက်တွင် ပါတီထူထောင်ခဲ့သည်မှာ နှစ်ပေါင်း (၂၅)နှစ် ပြည့်မြောက်တော့မည် ဖြစ်သော်လည်း ပါတီ၏ အဓိက ရည်ရွယ်ချက်ဖြစ်သည့် အကြမ်းမဖက်သည့်နည်းနှင့် ဒီမိုကရေစီနိုင်ငံသစ် ထူထောင်ရန် မျှော်မှန်းချက် အကောင်အထည် ပေါ်လာရန် အလှမ်းဝေးနေသေးသည့် NLD ပါတီနှင့် ပတ်သက်၍ ဝေဖန်ပြောဆိုမှုများ ရှိနေသည့်အတွက် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယခုလို တုံ့ပြန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

"NLD ပါတီလောက် လုပ်ကိုင်နိုင်စွမ်းရှိတဲ့ ပါတီမျိုး မြန်မာနိုင်ငံမှာ ရှိတယ်ဆိုရင် ကျွန်မကို ပြပါလို့ ကျွန်မစိန်ခေါ်ရဲပါတယ်၊ ကျွန်မတို့ ပါတီဟာ ဒီမိုကရေစီ စံနှုန်းများနှင့်အညီ တည်ဆောက်ယူထားတဲ့ တစ်ခုတည်းသော ပါတီပါ" ဟု ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူ သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

NLD ပါတီကို ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်မှာ အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။

ထို့နောက် ပါတီပြန်လည် ဖွဲ့စည်းချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ပါတီဥက္ကဋ္ဌ ဖြစ်လာခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို စွန့်လွှတ်ပြီး ၂၀၁၂ ခုနှစ် ဧပြီလတွင် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ အဓိက ရည်ရွယ်ချက်ဖြစ်သည့် အကြမ်းမဖက်သည့်နည်းနှင့် ဒီမိုကရေစီနိုင်ငံသစ် ထူထောင်ရန် မျှော်မှန်းချက် အကောင်အထည် ပေါ်လာရန်အတွက်မူ ရုန်းကန်နေရဆဲ ဖြစ်သည်။

ပြည်သူတို့၏ တစ်ခဲနက် အားပေးမှုနှင့် လွှတ်တော်တွင်းသို့ ရောက်ရှိလာခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် အဓိက အတိုက်အခံအဖြစ် တည်ရှိနေသော်လည်း အရေးပါသော နိုင်ငံရေး လှုပ်ရှားမှုများမှာတော့ အားကောင်းစွာ ဆောင်ရွက်နိုင်ခြင်း မရှိသေးပေ။ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင် အကောင်းဆုံး ပါတီဖြစ်သည်ဟု တုံ့ပြန်ပြောဆိုခဲ့သည့် NLD ပါတီသည် ပါတီထူထောင်သည့် သက်တမ်းနှစ်ပေါင်း (၂၅)နှစ် ပြည့်တော့မည် ဖြစ်သော်လည်း ယခုချိန်ထိ ပါတီ၏ ရည်မှန်းချက်ဖြစ်သည့် ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးဆိုသည့် မျှော်မှန်းချက်မှာ အလှမ်းဝေးနေဆဲ ဖြစ်သည်။

ထို့ပြင် NLD ပါတီသည် ဒေါ်အောင်ဆန်းစုကြည် အပေါ်တွင်သာ ပုဂ္ဂိုလ်ရေး အဓိက အားထားနေပြီး အားကောင်းသော ပါတီဖွဲ့စည်းပုံ မရှိခြင်း၊ ပါတီဝင်များ၏ အရည်အချင်းပိုင်းဆိုင်ရာ လိုအပ်ချက်များ ရှိနေခြင်းများကြောင့် ဝေဖန်မှုများကို ခံနေရပြီး ထိုသို့ဝေဖန် မှုများကြောင့် ဒေါ်အောင်ဆန်းစုကြည်က ယခုလို ပြန်လည်တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။


From:MEG

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...