Pages

Tuesday, September 10, 2013

မွတ်ဆလင် ကျောင်းသူ (၃)ဦး နိုင်ငံတော် အလံအား အလေးမပြုသဖြင့် ဆရာမများနှင့် မိဘများ အချင်းများ

ဖောင်းပြင်မြို့ပေါ်ရှိ အခြေခံ ပညာ အထက်တန်း ကျောင်းတွင် သြဂုတ်လ ၃၀ ရက်နေ့တွင် ကျောင်း သူ/ သားများ နိုင်ငံတော် အလံ အလေးပြု အခမ်းအနား ပြုလုပ်ရာမှ မ၀တ်မှုံရွှေ ရည် သတ္တမတန်း(A)၊ (ဘ)ဦး သိန်းဌေး (ခေါ်)ဦးဘရှား၊ မမိုးစက်ပွင့် ဆဋ္ဌမတန်း (A) (ဘ) ဦးအောင်ကြည်ထွန်း (ခေါ်) ဦး အီဂျားနှင့် မဖြူသွယ်စိုးအောင် ဆဋ္ဌမတန်း (B)၊ (ဘ)ဦးစိုးအောင် (ခေါ်)ဦးဟာဒွန်း မွတ်စလင် ကျောင်း သူ (၃)ဦးသည် နိုင်ငံတော် အလံကို အလေး မပြု ခေါင်းမငုံ့ကြသဖြင့် ကျောင်းအုပ် ဆရာမကြီး ဒေါ် ခင်အေးမြင့်နှင့် ဆရာ မ ဒေါ်စန်းစန်းတင့် တို့မှ ကျောလည်ဂုတ်ကို နှိမ့်ပြီး အလေးပြုဟု ပြုလုပ်ခိုင်း ရာမှ ပြဿနာများ ပေါ်ပေါက် ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ ကျောင်းသူ (၃)ဦးသည် ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ မများအား အလေးပြု အခမ်းအနား ပြီး သွားပြီး အတန်းဝင်သည် အထိ ခွန်းတုန့်ပြန် ပြောဆိုခြင်း မရှိဘဲ အိမ်ပြန် ရောက်ကြပြီးမှ မိဘများထံ မည် သို့ ပြောပြကြသည် မသိ မိဘ များမှ မခံနိုင်ကြ သဖြင့် မြို့နယ် ပညာရေးမှူး ထံတိုင်ကြားရ မြို့နယ် ပညာရေး မှူးမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်အေးမြင့်နှင့် ဆရာမ ဒေါ်နီလာထွန်း၊ ဒေါ်စန်းစန်းတင့် ၊ ဒေါ်ညွှန့်ရီတို့အား ခေါ်ယူစစ်ဆေးပြီး ကျောင်းအုပ် ဆရာမကြီးအား ကလေးမိဘများ ကို တောင်းပန်ခိုင်း ရာ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်အေးမြင့်မှ “လုံးဝ မတောင်း ပန် နိုင်ကြောင်း၊ နိုင်ငံတော် အလံကို အလေးပြုခိုင်းတာ၊ နိုင်ငံ ခေါင်းဆောင်များကို အလေး ပြုခိုင်းတာ အလေး မပြုလို့ ဆိုဆုံးမတာ လောက်နဲ့ မတောင်းပန်လို့ အလုပ်ပြုတ်ရင်လည်း ပြုတ်ပါစေ လုံးဝ မတောင်းပန်နိုင်” ဟု ငြင်းဆိုခဲ့ကြောင်း သိရပါ တယ်။
ဖြစ်စဉ်အချို့မှာ သြဂုတ်လ ၁၀ ရက်နေ့တွင် ဆရာ မဒေါ်ညွှန့်ရီမှ စာရိတ္တ အချိန်တွင် ကိုယ့်အမျိုး၊ ကိုယ့် နိုင်ငံကို ချစ်ဖို့၊ ကိုယ့်နိုင်ငံတော် အလံကို အလေးအနက် ထားပြီး အလေးပြုကြဖို့ စသည်ဖြင့် ကျောင်း သူ/သားများအား ဆုံးမသြ ၀ါဒ ပေးမိခဲ့ပါတယ်။
ပြဿနာ များပေါ်ပေါက် ခဲ့ပြီးနောက် အတန်းပိုင် ဆရာမ ဒေါ်နွဲ့ရီမှလည်း နိုင်ငံတော်အလံကိုအလေး ပြု တယ်၊ နိုင်ငံတော် အကြီးအကဲ ခေါင်းဆောင်များကို အလေးပြုတယ်ဆိုတာ သမီးတို့ ဘာသာရေးနှင့် လုံးဝ မပတ်သက်ဘူးဟု ရှင်းလင်း ပြောပြကြောင်း၊ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ဖောင်းပြင်မြို့အ.ထ.က ကျောင်း အုပ် ဆရာမကြီး၊ ဆရာမများနှင့် မွတ်ဆလင်ကျောင်းသူ (၃)ဦးတို့ ဖြစ်ပွားသည့်ကိစ္စနှင့်ပတ်သက် ၍ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာမများ ဘက်မှ မှန်ကန်ပြီး မြို့နယ်ပညာရေးမှူး အနေဖြင့် ဆရာမများ အား တောင်းပန် ခိုင်းခြင်း၊ နောင်ယခုလိုမဖြစ်ဖို့ သတိပေး လက်မှတ် ရေးထိုး ခိုင်းခြင်းများသည် ဘာ သာရေး ဆက်နွယ်မှုများအရ မွတ်ဆလင် ကျောင်းသူ များဘက်မှ အထောက် အပံ့ အားပေးသလိုဖြစ် လာပြီး မိဘ မွတ်ဆလင်များပါ အမှန်ကို အမှားပြုကျင့်ပြီး တိုင်တန်းမှုများ အပေါ် မြို့နယ် ပညာရေးမှူးမှ အမှန်ကိုသုံး သပ်နိုင်ခြင်းမရှိ၊ တစ်ဖက်သို့အားပေး ရာရောက်ကြောင်း အဆိုပါကျောင်းဆရာမတစ်ဦး မှ ပြောကြားခဲ့ပါတယ်။

FROM-Channelnewsmyanmar

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...