Pages

Tuesday, September 10, 2013

ကျုပ်တို့ဆီမှာဗျာ

နိုင်ငံရေးသမားတွေ ဂစ်တာတီးသီချင်းဆိုချိန်မှာ
ဘုန်းကြီးတွေ နိုင်ငံရေးလုပ်တယ်

စာရေးဆရာတွေ သရဲအကြောင်းရေးတော့
ဘုန်းဘုန်းက အချစ်ကို အဓိပ္ပါယ်ဖွင့်နေတယ်

ဆရာဝန်တွေ ကားပွဲစားလုပ်ပြီး
ဆေးဆိုင်က မာမူကြီးက ဆေးကုတယ်

လယ်သမားတွေ ဆန္ဒပြတယ်
စစ်သားက လယ်ထွန်တယ်

ဓါးမြက ကြီးကြီးကျယ်ကျယ်ပြောတတ်တော့
တိုင်းရင်းသားလက်နက်ကိုင်ဖြစ်လာတယ်

သရုပ်ဆောင်မင်းသားက လူရွှင်တော်လုပ်နေချိန်မှာ
လူကြမ်းတွေ ဆိုက်ကားနင်းကြတယ်

ကျောင်းသားက သူကိုယ်တိုင်မသိတဲ့ အခွင့်အရေးတောင်းချိန်မှာ
ကျောင်းသူတွေက ဖုန်းပြောဖို့ပဲ စဉ်းစားတယ်

အင်ဂျင်နီယာတွေ ကျူရှင်ပြနေတော့
ဘွဲ့ရတွေ ဘက်ထရီပြင်တယ်

Chaos (ဗရမ်းဗတာ) Theory ဆိုတာ
ကျုပ်တို့ကိုများ ကြည့်ထုတ်ထားလားမသိဘူး
~~~နည်းနည်းလေးတော့ လွဲနေတယ်
လွဲလွဲလေးပဲကောင်းပါတယ်
နေတတ်ရင် အေးဆေး~~~

ကိုဆေး
FROM-MIN MYANMAR

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...