Pages

Saturday, September 28, 2013

ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်း အမှုကို မန္တလေး တိုင်းဒေသကြီး တရားရုံးက ပလပ်မိန့်ချ

ပြည် ထောင်စုဝန်ကြီး ဦးတင့်ဆန်း၏မြေ အရောင်းအဝယ်ကိစ္စ တရားမ မှုကို မန္တလေးတိုင်းဒေသကြီး
တရားရုံးက စက်တင်ဘာ ၂၆ရက်တွင် ယင်းအမှုနှင့်ပတ်သက်ပြီး တရား စွဲဆိုရန် အဆိုလွှာကို ပလပ်
ကြောင်း အမိန့်ချမှတ်ခဲ့သည်ဟု မန္တလေး တိုင်းဒေသကြီး တရားရုံးမှ တရား သူကြီး ဦးကြည်သိန်းက
ရန်ကုန် တိုင်းမ်နေ့စဉ်သို့ အတည်ပြုပြော ကြားသည်။

တရားသူကြီး ဦးကြည်သိန်း က ''တရားစွဲဆိုဖို့အကြောင်း အဆိုလွှာကိုပလပ်ဖို့ အမိန့်ချမှတ်လိုက်တာပါ။
အမှုရဲ့အနိုင်အရှုံးကိုဆုံး ဖြတ်တာ မဟုတ်ပါဘူး''ဟု ပြော သည်။

ယင်းကဲ့သို့ မန္တလေးတိုင်း ဒေသကြီးတရားရုံးမှ ယခုကဲ့သို့ အမိန့်ချမှတ် လိုက်ခြင်း ကို ယင်းအ မှုတရား
လိုဦးစိုးဝင်းမိုးက ''ကျွန် တော်တို့အနေနဲ့ ကတော့ ဥပဒေအ တိုင်းလုပ်လို့ရသလောက် အကုန် လုပ်သွား
မယ်။ ဒီအတိုင်းရပ်ထားလို့မရဘူး။ အမှုကို ဆက်လက်စွဲဆိုဖို့ အထက်ရုံးအဆင့်ဆင့်ကို တင်ပြသွားမယ်။
ကျွန်တော်တို့ရဲ့ နစ်နာဆုံးရှုံး မှုတွေက အများကြီး ပါ။ တရားစီရင်ရေး မဏ္ဍိုင်မ တိမ်း စောင်းဖို့ ရှေ့နေနဲ့
တရားသူကြီး တွေက ဥပဒေနဲ့အညီဆောင်ရွက်ဖို့နဲ့ အဂတိတရားတွေကင်းရှင်းဖို့လိုတယ်''ဟုပြောသည်။

ပြင်ဦးလွင် နန်းမြိုင်လမ်းရှိ ၂ဒသမဝ၅ဧက ကျယ်ဝန်းပြီး ကျပ် သိန်းပေါင်းခြောက်သောင်းကျော် သော
အချင်းဖြစ်ခြံကိုပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်းနှင့် နှစ်ဦးက မရိုးသားစွာ ဝယ်ယူသည်ဟုဆိုကာ တ
ရားမဝင် စာချုပ်ချုပ်ဆိုခြင်း၊ ကာလတန်ဖိုးထက်များစွာ လျော့ နည်းဖော်ပြခြင်း၊ မမှန်မကန် စာ ချုပ်ချုပ်
ခြင်းတို့ကြောင့် တရားလို ဦးစိုးဝင်းမိုးက ယခုကဲ့သို့ တရားမ ဝင်ကြောင်း စာချုပ်စာတမ်းပယ် ဖျက်ပေးစေ
လိုမှုနှင့် အကျိုးစီးပွား ကြားကာလအမြတ်အစွန်းကို ရယူ လိုမှုများနှင့်ပတ်သက်ပြီး ယခုကဲ့ သို့ တရားစွဲဆို
ထားခြင်းဖြစ်သည်။

ဦးတင့်ဆန်းကလည်း ယင်း အမှုနှင့်ပတ်သက်ပြီး သည်းခံသွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းနေ့ စဉ်ကို
လွန်ခဲ့သည့်ရက်ပိုင်းကပြော ကြားခဲ့သည်။

ကျော်မြတ်ဇံ
Yangon Media Group

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...