ရန်ကုန်၊ စက်တင်ဘာ ၂၇
ပညာရေးဝန်ကြီးဌာနသို့ တင်သွင်းရသော ၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ
ဖြေဆိုခွင့် လျှောက်
လွှာများကို စက်တင်ဘာလ ၃၀ ရက်နေ့တွင် နောက်ဆုံးလက်ခံမည် ဖြစ်သော်လည်း
နောက်ကျသည့် အ
ကြောင်းအရင်း ခိုင်လုံသော လျှောက်လွှာများကို အောက်တိုဘာလဆန်းထိ
လက်ခံသွားမည် ဖြစ်ကြောင်း
မြန်မာနိုင်ငံ စာစစ်အဖွဲ့ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွှန့်က
The Voice သို့ ပြောကြားသည်။
ယင်းတက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုခွင့် ဖောင်များကို စက်တင်ဘာလ ၂
ရက်နေ့တွင် မြို့နယ်ပညာ
ရေးမှူး ရုံးများ၌ စတင်လက်ခံခဲ့ပြီး စက်တင်ဘာလ ၃၀ ရက်နေ့
နောက်ဆုံးတင်သွင်းရမည် ဖြစ်ကြောင်း၊
သို့သော် စာရွက်စာတမ်းလိုအပ်သော လျှောက်လွှာများကိုမူ ရန်ကုန်နှင့်
နေပြည်တော်စာစစ်ဌာနများတွင်
အောက်တိုဘာလ ပထမပတ်အထိ လာရောက်တင်သွင်းနိုင်ကြောင်း ၎င်းကထပ်လောင်း
ပြောကြားသည်။
“နီးတော့မှ ဖြေချင်စိတ်ရှိတဲ့သူတွေ ရှိတယ်။ ဒါကြောင့် နောက်ဆုံးတံဆိပ်
မရိုက်ခင် အချိန်ထိ ဖောင်တွေ
လက်ခံပေးတာပါ” ဟု ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွှန့်က The Voice သို့
ပြောဆိုသည်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုခွင့် လျှောက်လွှာများကို စက်တင်ဘာလကုန်
နောက်ဆုံး တင်သွင်းရ
မည် ဖြစ်သော်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ဒေသများမှ ကျောင်းသား၊
ကျောင်းသူ များနှင့်
အခြားဒေသ အခြေအနေပေါ်မူတည်ကာ သက်မှတ်ရက်လွန် ဖောင်များလက်ခံပေးကြောင်း
ရခိုင်ပြည်နယ်
ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှစိန်ထွန်းက ပြောကြားသည်။
နိုင်ငံတစ်ဝန်း နှစ်စဉ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုရန် လျှောက်လွှာ
တင်သွင်းသူဦးရေ ငါးသိန်း
ကျော် ရှိပြီး ၎င်းတို့အတွက် စာမေးပွဲ ဖြေဆိုခွင့် ကတ်များကို လာမည့်နှစ်
ဇန်နဝါရီလတွင် ထုတ်ပေးသွား
မည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက စုံစမ်းသိရှိရသည်။
ယခင် ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ပြည်တွင်း၊ ပြည်ပ စာဖြေဌာနများ၌
စာမေးပွဲ ဖြေဆိုရန်
လျှောက်လွှာ တင်သွင်းသူ ၅၃၁,၃၈၃ ဦး ရှိပြီး ဝင်ရောက် ဖြေဆိုသူ ၄၈၇,၄၁၀ ဦး
ရှိကြောင်း ပညာရေး
ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
The Voice Weekly
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...