၂ဝဝ၉ ခုနှစ်က သြစတြေးလျ နိုင်ငံကို ထွက်ခွာသွားခဲ့တဲ့ လေးနှစ်ကျော် ကာလ အ တွင်း အနုပညာ နဲ့ ပတ်သက်ပြီး လှုပ်ရှားမှု ပုံရိပ်တွေ အကြောင်း ကို " 'ဘာကြိုက်' ဆိုတဲ့ ကျွန်တော့် ရဲ့ တစ်ကိုယ်တော် အခွေကို ဟိုကနေ ထုတ်တယ်။ ကျွန်တော် အင်္ဂလိပ်လို ဆိုထားတဲ့ သီချင်းတွေကို i-tune မှာ ရောင်းဖို့ စီစဉ် ထားတယ်။ Remix တစ်ပုဒ် ကတော့ i-tune မှာ ရောင်းနေပြီ။ ရောင်းတော့ ရောင်းနေ ရတယ်။ ကျွန်တော်လည်း ကြော်ငြာ မလုပ် နိုင်ပေမယ့် နည်းနည်းစီ ဝယ်ကြ တယ်။ နေ့တိုင်း ရောင်းရတဲ့ Report က ကျွန်တော့် ဆီရောက်တယ်" လို့ ဘာဘူ က ပြောပါ တယ်။
မြန်မာနိုင်ငံ နဲ့ ကင်းကွာနေတာ ၄နှစ် ကျော် ကြာမြင့်ခဲ့တဲ့ ဘာဘူက ရန်ကုန်မြေကို စတင် ခြေချမိတာနဲ့ ဖြစ်ပေါ် လာတဲ့ ခံစားချက်ကို..
"တွေ့တာကတော့ အကုန်လုံး ပြောင်းလဲနေတယ်။ ပြောင်းလဲတာ အပြီး အစီးတော့ မဟုတ်သေးဘူး။ ဒါပေမဲ့ အရှိန်ကောင်း နေတာ။ ဘာပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံ အတွက် စိတ်ချမ်းသာ တာပေါ့" လို့ ဘာဘူက ပြောပါတယ်။ သိပ်မကြာခင် ကာလ အတွင်း မှာ ဘာဘူရဲ့ သီချင်းတွေကို ပရိသတ် နားဆင် ရတော့မှာ ဖြစ်ကြောင်းလည်း ဘာဘူ က ပြောပါတယ်။
မျိုးမောင်
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...